ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးငွေများ ပေးအပ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း) အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ထောက်ပံ့ကြေးငွေများ ပေးအပ်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီ က ကျိုင်းတုံမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုးမိတ်မြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်တစ်မျိုးမျိုး ထုတ်ပေးရေး ပန်းခင်းစီမံချက်ဆောင်ရွက်

နိုင်ငံသားတိုင်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ် တစ်မျိုးမျိုးရရှိစေရေးအတွက် ပန်းခင်းစီမံချက်အရ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူအင်အားဆိုင်ရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်သက်နိုင် ကြီးကြပ်၍ မိုးမိတ်မြို့နယ်ဦးစီးမှူး ဦးနေလင်းအေးနှင့် ဝန်ထမ်းများက မိုးဘုံကျေးရှိ ဒေသခံတိုင်းရင်းသား ကျား(၁၆) ဦးနှင့် မ (၁၄) ဦး စုစုပေါင်း (၃၀) ဦးတို့အား အသက် ၁၀ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယနေ့နံနက်ပိုင်းမှစတင်၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဘုရားသုံးဆူမြို့၊ အမှတ်(၃) ရပ်ကွက်၊ ရတနာသိင်္ခလမ်းတွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းတံတား ပြုလုပ်ဆောင်ရွက်

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၊ အမှတ် ၃ ရပ်ကွက်၊ ရတနာသိင်္ခလမ်းတွင် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် အရှည် (၃၆)ပေ၊ အကျယ်(၃)ပေ၊ အနက်(၃)ပေရှိ တံတားရေမြောင်းအား ၁.၁.၂၀၂၁ ရက်နေ့တွင် စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တောင်ကုတ်ကလေးကစားကွင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်အတွင်း ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၀ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီးသော ဦးဥတ္တမ ကလေးကစားကွင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၂၆ ရက်နံနက် ၁၀ နာရီအချိန် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ကျိုင်းတုံတက္ကသိုလ်ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများ တွေ့ဆုံ

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း တြိဂံဒေသတိုင်း တိုင်းမှူး၊ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာပြည်နယ်အဆင့် တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက် (၈)နာရီအချိန် က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံတက္ကသိုလ် ခေမရဌ်ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်၊ ဆရာ၊ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး  ဒုတိယအကြိမ် ထပ်မံထိုးနှံပေး

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများနှင့် သံဃာတော်များ ၊ သီလရှင် များ ၊ ဌာနဆိုင်ရာဝန်ထမ်းများ ၊ ဒေသခံပြည်သူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင်  ဧပြီ ၂၅ ရက်နေ့မှစပြီး ထပ်မံထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ 

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်/ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် တွေ့ဆုံ

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် အတူ ယမန်နေ့ညနေ(၃)နာရီ က ကျိုင်းတုံမြို့ခေမရဌ်ရိပ်သာ၌ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်/ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မြိူ့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် တွေ့ဆုံကြောင်း သိရသည်။

ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်း

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ရွာကြီးကုန်းရပ်ကွက်အတွင်း ကလေး အလုပ်သမား ပပျောက်ရေး အသိပညာပေး ဆောင်ရွက်ခြင်းကို ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့ နံနက် ၁၀:၀၀ နာရီအချိန်က ကွင်းဆင်း ဆောင်ရွက် ခဲ့သည်။

သာယာဝတီမြို့နယ် ပြန်/ဆက်ရုံးခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နေ့လယ် ၁ နာရီက စာရေးဆရာ ကိုဇော်ဌေး (ယဉ်ကျေးမှု) ရေးသားသော"လူငယ်နှင့်စိန်ခေါ်မှုများ" စာအုပ်ဖြင့် ပြန်/ဆက်ဝန်ထမ်းများက စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြု လုပ်သည်။
Subscribe to