မြစ်ကြီးနားမြို့၌ မြန်မာနှစ်ဆန်း(၁)ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲနှင့် အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲများ ကျင်းပ
မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီ မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် နှစ်စဉ်မပျက် ကျင်းပသည့် ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲနှင့် အန္တရာယ်ကင်းပရိတ်တရားတော်နာ မင်္ဂလာအခမ်းအနားကို ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက မြစ်ကြီးနားမြို့၌ ယမန်နေ့(၁၃၈၃ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်) နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည်။