ဘားအံ၌ မြန်မာနှစ်ဆန်း(၁)ရက်နေ့ သက်ကြီးပူဇော်ပွဲနှင့် ဇီဝိတဒါနငါးလွှတ်ပွဲကျင်းပ

မြန်မာတိုင်းရင်းသားလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို  အစဉ်အလာမပျက် ထိန်းသိမ်း စောင့်ရှောက်သောအားဖြင့် မြန်မာနှစ်ဆန်း ၁ ရက် ယနေ့နံနက်ပိုင်းက သက်ကြီးပူဇော်ပွဲ အလှူတော်မင်္ဂလာနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲတို့ကို ဘားအံမြို့ ဇွဲကပင်ခန်းမနှင့် ကန်သာယာတို့၌ ကျင်းပခဲ့သည်။

ဗိုလ်တထောင် စေတီတော်မြတ်ကြီးတွင် နှစ်ဆန်း(၁)ရက်နေ့၌ ဘုရားဖူးလာပြည်သူများဖြင့်စည်ကား

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် တည်ရှိသော ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်မြတ်ကြီးအား မဟာသင်္ကြန်ကာလဖြစ်သော ဧပြီလ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့ထိ ဘုရားဖူးမြော်ခွင့်ပိတ်ထားပြီး ယနေ့မြန်မာနှစ်ဆန်း(၁)ရက်နေ့ဖြစ်သော ဧပြီလ ၁၇ ရက်နေ့ နံနက် ၇ နာရီတွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။

မိုင်းဆတ်မြို့၌ သက်ကြီးပူဇော်ကန်တော့ပွဲနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲနှင့် ဇီဝိတဒါန ငါးလွှတ် ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကြီးအောင်ခန်းမနှင့် နမ့်ခုတ်ချောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြိတ်မြို့တွင် အကျဉ်းသား အကျဉ်းသူ(၄၆၅)ဦးအား လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွှတ်ပေး

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ မြိတ်အကျဉ်းထောင်နှင့် ကျောက်ဖြူတောင် ကုန်ထုတ်စခန်းတို့တွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား/သူ စုစုပေါင်း(၄၆၅)ဦးအား မြန်မာ နှစ်ဆန်း (၁)ရက်နေ့ ဧပြီလ(၁၇)ရက် နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်ပေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့တန်ခိုးကြီးဘုရားများတွင် နှစ်ဆန်းတစ်ရက်နေ့၌ ဘုရားဖူးများနှင့် စည်ကားလျက်ရှိ

ကျောက်ဆည်မြို့တန်ခိုးကြီးဘုရားများတွင် နှစ်ဆန်းတစ်ရက်နေ့၌ ဘုရားဖူးများနှင့် စည်ကား လျှက်ရှိကြောင်း သိရှိရပြီး ရပ်ကွက်များတွင်လည်း စတုဒီသာကျွေးသူများနှင့် စည်ကားလျက် ရှိကြောင်း သိရှိရသည်။

(၅၇) ကြိမ်မြောက် စစ်တွေမြို့လုံးကျွတ် ရခိုင်ရိုးရာသက်ကြီးပူဇော်ပွဲကျင်းပ

(၅၇) ကြိမ်မြောက် စစ်တွေမြို့လုံးကျွတ် ရခိုင်ရိုးရာသက်ကြီးပူဇော်ပွဲအခမ်းအနားကို မြန်မာ သက္ကရာဇ် ၁၃၈၃ ခု၊ မြန်မာနှစ်ဆန်းတစ်ရက် ယနေ့နံနက်ပိုင်းက စစ်တွေမြို့ဦးဥတ္တမခန်းမ၌ ကျင်းပ သည်။

မြဝတီမြို့၌ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား သက်ကြီးပူဇော်ပွဲ အခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ ကျက်သရေဆောင် ရွှေမြင်းဝန်စေတီတော်မြတ်ကြီးရှိ၊ သာသနာ့ဟိတကာရီ ဗိမ္မာန်တော်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အာယုဒီဃဂုဏပူဇာ သက်ကြီးပူဇော်ပွဲ အခမ်းအနားကို ယနေ့ ဧပြီ ၁၇ ရက်၊ ၁၃၈၃ ခုနှစ်၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာ့နှစ်သစ်ကူးအခါသမယတွင် သထုံမြို့နယ်အတွင်းရှိ အကျဉ်းထောင် အကျဉ်းစခန်းများမှ အကျဉ်းသား ၁၀၄ ဦး လွတ်ငြိမ်းချမ်းသာခွင့်ရရှိ

နိုင်ငံတဝှမ်းလုံးရှိ အကျဉ်းထောင်နှင့် အကျဉ်းစခန်းအသီးသီးတို့၌ အကျဉ်းချအချုပ်ကျခံနေရသည့် အကျဉ်းသား၊ အကျဉ်းသူများအား မြန်မာနှစ်ဆန်းတစ်ရက်နေ့ ယနေ့တွင် မြန်မာနှစ်သစ်မင်္ဂလာ အခါသမယ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထား၍ လည်းကောင်း လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ရာ သထုံမြိုနယ်အတွင်းရှိ အကျည်းထောင်၊ အကျည်းစခန်းအသီးသီးတို့မှ အကျည်းသား ၁၀၄ ဦး လွတ်ငြိမ်း

နှစ်ဆန်းတစ်ရက်နေ့ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးများဖြင့် စည်ကားနေ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ယနေ့ နှစ်ဆန်းတစ်ရက်နေ့ တွင် မြန်မာပြည်အရပ်ရပ်မှ လာရောက်သည့် ဘုရားဖူးပြည်သူများဖြင့် စည်ကားနေကြောင်း ထီးလိုမင်းလိုဘုရား ဂေါပကဥက္ကဋ္ဌ ဦးတင်လှဦးထံက သိရသည်။
Subscribe to