တွံတေး၌ ရှမ်းရိုးရာဓလေ့ နှစ်ဦးသဲပုံစေတီပူဇော်ပွဲ ကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့၏ ကျက်သရေဆောင် ဆံတော်ခြောက်ဆူ ကိန်းဝပ်တော်မူသော ဆံကေသာဓာတု ရွှေဆံတော်စေတီတော်မြတ်ကြီး၏ အရှေ့ဘက် ရင်ပြင်တော်၌ (၄၅၆)ကြိမ်မြောက် ရှမ်းရိုးရာဓလေ့ နှစ်ဦးသဲပုံစေတီ တည်ထားပူဇော်ပွဲကို ယနေ့ ( မြန်မာ့နှစ်ဆန်းတစ်ရက်နေ့) နံနက် ၅ နာရီက ကျင်းပခဲ့သည်။