လားရှိုးမြို့နယ် နောင်မွန်ကျေးရွာ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လက်တွေ့ကွင်းဆင်းဆောင်ရွက်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးနှင့် လားရှိုးမြို့နယ် ကြက်ခြေနီအသင်းတို့နှင့် ပူးပေါင်း၍ ၂၀၂၁ ခုနှစ် ယမန်နေ့ နံနက်ပိုင်းက လားရှိုးမြို့နယ်၊ နောင်မွန်ကျေးရွာအုပ်စု၊ နောင်မွန်ကျေးရွာ၌ ကိုဗစ်-၁၉ ကူးစက်မှု မဖြစ်ပွားစေရန် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အင်တောမြို့တွင် အသက် ၅ နှစ်အောက်ကလေးငယ်များအား ဗီတာမင်အေ တိုက်ကျွေး

ရှမ်းပြည်(တောင်ပိုင်း)၊ အင်တောမြို့ တိုက်နယ်ကျန်းမာရေးဦးစီးဌာနမှ အသက် ၆ လမှ ၅ နှစ် အောက်ကလေးငယ်များအား ဗီတာမင်အေဆေးများ တိုက်ကျွေးခြင်းကို ယမန်နေ့နံနက် ၉နာရီက အမှတ်(၅)ရပ်ကွက် ဓမ္မာရုံ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် မိုင်းယု-ကျိန်းယဲန်း တံတားမှ မြန်မာအလုပ်သမား ၂၀၉ ဦး ပြန်လည်ဝင်ရောက်

မြန်မာပြည်၏ အရှေ့ဘက်အစွန်ဆုံးမြို့ဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် မိုင်းယု-ကျိန်းယဲန်းတံတားမှ ဖေဖော်ဝါရီ ၃ ရက်နေ့က နေရပ်ပြန် မြန်မာအလုပ်သမား ၂၀၉ ဦး ပြန်လည် ဝင်ရောက်လာခဲ့ရာ ဒေသအသီးသီးသို့ ပြန်နိုင်ရန်အတွက် မိုင်းယုမြို့မှ တောင်ကြီးမြို့အထိ မော်တော်ယာဉ်များဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ မိတ်ဆက်တွေ့ဆုံ

အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးတေဇကျော်၊ ကချင်ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တွေ့ဆုံမိတ်ဆက်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ မလိခ ခန်းမ၌ ကျင်းပသည်။

ညောင်ရွှေမြို့နယ်တွင်း အသွားအလာကန့်သတ်ထားရှိသူ (၂၃)ဦး၏ ဓာတ်ခွဲနမူနာများရယူ

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်း၌ သွားအလာကန့်သတ်ထားရှိသူများ၏ နှာခေါင်းနှင့် အာခေါင် တို့ဖတ်နမူနာများရယူ၍ ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားခြင်း ရှိမရှိစစ်ဆေးအတည်ပြုနိုင်ရန်အတွက် RDT (Task Kit)ဖြင့် စမ်းသပ်စစ်ဆေးမှု (၈)ဦး၊ ဓာတ်ခွဲခန်းသို့ပို့ဆောင် စစ်ဆေးနိုင်ရန် PCR ဓာတ်ခွဲ နမူနာရယူခြင်း(၁၅)ဦး စုစုပေါင်း(၂၃)ဦးကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

တန့်ယန်းမြို့နယ် စောင့်ကြည့်ရေးစခန်းတွင် နှာခေါင်းနှင့်အာခေါင်တို့မှ တို့ပတ်ဓါတ်ခွဲ နမူနာရယူ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ် - ၁၉ ကာကွယ်တားဆီးနိုင်ရေးအတွက် မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများတို့က အရှိန်အဟုန်မြှင့်၍ ဆောင်ရွက် လျက်ရှိကြရာ အသွားအလာ ကန့်သတ်ထားသော စောင့်ကြည့်ရေးစခန်း(Facility Quarantine Centre)တွင် ဖေဖေါ်ဝါရီလ ၃ ရက် ညနေပိုင်းက နှာခေါင်းနှင့်အာခေါင်တို့မှ ဓါတ်ခွဲ နမူနာ ရယူခဲ့သည်။

လပ်တိုင်-ပင်အွန်းကျေးရွာချင်းဆက်လမ်း ကျောက်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နားခိုက်ကျေးရွာအုပ်စု အတွင်းရှိ ဒေသခံ ပြည်သူများ သွားလာရေးအဆင်ပြေစေရေးနှင့် ဒေသထွက်ကုန်များ ဈေးကွက်သို့ အချိန်တို အတွင်း လွယ်ကူ လျင်မြန်စွာ တင်ပို့ရောင်းချနိုင်ရေးတို့အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ်(၁၉၁.၆၄၇)သန်းဖြင့် တင်ဒါအောင်မြင်သည့် Golden Top Point ကုမ္ပဏီမှ တာဝန် ယူဆောင် ရွက်သည့် လပ်တိုင်-ပင်အွန်း ကျေးရွာချင်းဆက်လမ်း(၇/၀)မိုင်အနက် (၁/၄)မိုင် ကျောက်ချောခင်းခြင်း လုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့ပေါ်ရှိ တိုက်ပွဲရှောင်စခန်းများမှ တိုက်ပွဲရှောင်ပြည်သူများ နေရပ်ပြန်နိုင်ခြင်း မရှိသေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ပေါ်ရှိ တိုက်ပွဲရှောင် စခန်း ၄ နေရာ၌ တိမ်းရှောင် ခိုလှုံနေသည့် တိုက်ပွဲရှောင်ပြည်သူ တစ်ထောင်ဦးခန့်သည် ယမန်နေ့အထိ နေရပ်သို့ ပြန်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

တွန်းဇံမြို့နယ်၊ ဇမ်ပီးကျေးရွာဟောင်းရှိ သင်းအုပ်ဆရာနေအိမ်နှင့်ခရစ်ယာန်ဘုရားရှိခိုး ကျောင်း မီးလောင်ကျွမ်းပျက်စီး

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ်၊ ဇမ်ပီးကျေးရွာအုပ်စု၊ ဇမ်ပီးကျေးရွာဟောင်း သတ္တမ မြောက်နေ့အသင်းတော် သင်းအုပ်ဆရာ ဦးဂိုးဇမန် နေအိမ်နှင့် အနီးရှိ သတ္တမမြောက်နေ့ အသင်းတော် ခရစ်ယာန်ဘုရားရှိခိုးကျောင်းသည် ဖေဖော်ဝါရီ ၃ ရက် နံနက် ၁ နာရီက မီးလောင် ကျွမ်းပျက်စီး သွားကြောင်း တွန်းဇံမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရုံးမှ သိရသည်။

မိုးမိတ်မြို့ စည်ပင်သာယာဈေး၌ မီးဘေးလုံခြုံရေးစစ်ဆေး

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် စည်ပင်သာယာဈေးကြီးတွင် မြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းတို့ကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Subscribe to