ဒီးမော့ဆိုမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးခြင်းနှင့် ဆုရရှိသော ကျေးရွာများအား ဆုချီးမြှင့်

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့် မြစိမ်းရောင်စီမံကိန်း ကျေးရွာ(၂၁)ရွာတွင် စီမံကိန်းရန်ပုံငွေ (၁၆)ယူနစ် (တစ်ယူနစ်လျှင် ငွေကျပ် ၃၀၀ သိန်း)ဖြင့် လုပ်ငန်းဆောင်ရွက်မူများအပေါ် မြို့နယ်အဆင့် သုံးသပ် ဆွေးနွေးခြင်းနှင့် ဆုရရှိသော ကျေးရွာ များအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဖလမ်းမြို့၊ ကျင်မွာလ်ရပ်ကွက်၌ ကုန်တင်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက် လူထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိ

ဖလမ်းမြို့၊ ကျင်မွာလ်ရပ်ကွက် လမ်းအကွေ့တွင် ယနေ့နံနက် ၅ နာရီခန့်က ကုန်တင်ယာဉ် တစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ လမ်းပေါ်သို့ လဲကျတိမ်းမှောက်သွားကြောင်း ဖလမ်းမြို့ မြို့မရဲစခန်းမှ သတင်းရရှိသည်။

ကိုရီးယား-မြန်မာ ချစ်ကြည်ရေး (ဒလ)မြစ်ကူးတံတား တစ်စင်းလုံး၏ ၂၅ ရာခိုင်နှုန်းပြီးစီး တည်ဆောက်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

စီးပွားရေးမြို့တော် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းမကြီးနှင့် ရန်ကုန်မြစ်တစ်ဖက်ကမ်းရှိ ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် ဗိုလ်မင်းရောင်လမ်းမကြီးတို့သို့ ဆက်သွယ်တည်ဆောက်လျက်ရှိသော ကိုရီးယား-မြန်မာ ချစ်ကြည်ရေး(ဒလ)မြစ်ကူးတံတား တည်ဆောက်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း၊ လက်ရှိ အချိန်တွင် တံတားတစ်စင်းလုံး၏ ၂၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ သိရသည်။

ပိန်းဇလုပ်မြို့တွင် မီးဘေးသင့် ပျက်စီးနေအိမ်တစ်လုံးအတွက် ထောက်ပံ့ငွေများပေးအပ်

ညောင်လေးပင်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲ အချိန်က ပိန်းဇလုပ်မြို့မြို့မ(၂)ရပ်ကွက် ဗိုလ်မြတ်ထွန်းအောင်လမ်းရှိ မီးဘေးသင့် ပျက်စီး နေအိမ်တစ်လုံးအတွက် ထောက်ပံ့ ငွေများနှင့် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများတွေ့ဆုံ

ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ပြည်နယ်အဆင့်ဌာနဆိုင်များ တွေ့ဆုံမိတ်ဆက် ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

နားအွန်ကျေးလက်ကျန်းမာရေးဌာန၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ၁ နှစ်ခွဲအောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးခြင်းနှင့် တိုက်ကျွေးခြင်းများဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးခြင်း၊ တိုက်ကျွေးခြင်းများကို ယမန်နေ့ နံနက်ပိုင်းက တာလေမြို့ နားအွန်ကျေးလက် ကျန်းမာရေးဌာနဆေးခန်း၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အုတ်တွင်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) အကောင် အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာများအား ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာများအား ရန်ပုံငွေလွှဲပြောင်းပေး အပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်း ၁ နာရီ ၃၀ မိနစ်အချိန်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပန်အွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း အဆောက်အအုံသစ်ဆောက်လုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နားခိုက်ကျေးရွာ အုပ်စု၊ ပန်အွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း အဆောက်အအုံသစ် ဆောက်လုပ်နေမှုအား ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲ ၁ နာရီခွဲက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ဆီဆိုင်မြို့နယ်၌ ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်း ပြည်ထောင်စု/ ပြည်နယ်ရန်ပုံငွေများဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား မြို့နယ်အဆင့် အရည် အသွေး စစ်ဆေးရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ ဟိုပုံးမြို့နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောသန်းချစ်တို့က ဖေဖော်ဝါရီ ၃ ရက်နေ့က ကွင်းဆင်း စစ်ဆေးခဲ့ ကြောင်း သိရသည်။

ရွှေကျင်မြို့နယ် ဆိပ်ကလေးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျောင်းအားကစားကွင်း ဖြစ်ပေါ်လာစေရေး ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် တောင်ဘက်ကျေးရွာအုပ်စု ဆိပ်ကလေးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် ဇန်နဝါရီလ တတိယပတ်မှစ၍ အလှူရှင်မိသားစု တစ်စုက ကျောင်းအားကစားကွင်း ဖြစ်ပေါ်လာစေရေးအတွက် ကျောင်းအတွင်းမြေနေရာ လွတ်တွင် စက်ကြီးများဖြင့် မြေတူးမြေသယ် မြေညှိခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to