မိုင်းဖြတ်မြို့နယ် ဆိုက်ခေါင်ကျေးရွာ၌ ကုန်ထုတ်လမ်းနှင့် ရေပေးဝေရေးလုပ်ငန်းဆောင်ရွက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာငါးရွာအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ ဇန်နဝါရီလ တတိယပတ်က ဆိုက်ခေါင်-ကျယီ ကုန်ထုတ်လမ်းဖောက်လုပ် ခြင်းနှင့် ဆိုက်ခေါင်ကျေးရွာ ရေပေးဝေရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။