ပင်လုံမြို့ ရပ်ကွက်(၃)၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၂၄၄) စု အား ထောက်ပံ့ငွေပေးအပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ ရပ်ကွက်(၃)၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား များ၏ အိမ်ထောင်စုများအား နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် ကိုဗစ်ကာလ ထောက်ပံ့ငွေများကို ယနေ့ နနက် ၉နာရီ အချိန်ခန့်က စတင်ပြီး ပင်လုံမြို့ ရပ်ကွက်(၃)ရုံးတွင် ထောက်ပံ့ပေးအပ်နေကြောင်းသိရသည်။

ပင်လုံမြို့ ရပ်ကွက်(၂)တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များထောက်ပံ့

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ ရပ်ကွက်(၂)တွင် အသက်(၈၅)နှစ်နှင့် အထက် သက်ကြီး ဘိုးဘွားများ အား နိုင်ငံတော်မှ ထောက်ပံ့သည့် လူမှုရေးပင်စင်များကို ယမန်နေ့ညနေ၃နာရီ အချိန်ခန့်က အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ် ဟိုစဲ့​ကျေးရွာ၌ အုပ်ချုပ်​ရေးမှူးအသစ်များ ​ရွေးချယ် ခန့်အပ်နိုင်​ရေး ကြီးကြပ်​ရေးမှူး(၅)ဦး ​ရွေးချယ်

ကယားပြည်နယ်၊ ​ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ရပ်ကွက်(သို့မဟုတ်) ​ကျေးရွာအုပ်စု အုပ်ချုပ်​ရေးမှူးအသစ်များ ​ရွေးချယ်ခန့်အပ်နိုင်​ရေးအတွက် ကြီးကြပ်​ရေးမှူး(၅)ဦး ပါဝင်​သော အဖွဲ့​ရွေးချယ်ခြင်းကို ယမန်​နေ့က ဟိုစဲ့​ကျေးရွာခန်းမ​ဆောင်၌ ပြုလုပ်ခဲ့​ကြောင်း သိရသည်။

ရေကြည်မြို့နယ်တွင် ခွေးရူးရောဂါကာကွယ် ဆေး အခမဲ့ထိုးနှံပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်အတွင်း ခွေးရူးရောဂါမဖြစ်ပွားစေရန်နှင့် ပြည်သူများ ခွေးရူးရောဂါအန္တရာယ်ကင်း‌ဝေးရန်ရည်ရွယ်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ ယမန်နေ့ နံနက် (၉) နာရီတွင် ဆီဆုံကုန်းကျေးရွာအုပ်စုရှိအုပ်ချုပ်ရေးမှူးရုံးတွင် ခွေးရူးရောဂါကြိုတင်ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။

သန်လျင်မြို့နယ်အတွင်း GAP စနစ်ဖြင့် စိုက်ပျိုးထားရှိမှုများအား ကွင်းဆင်းစစ်ဆေး

ရန်ကုန်တောင်ပိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် သန်လျင်မြို့နယ်အတွင်း နွေစပါးနှင့် ဆောင်းသီးနှံ ပဲတီစိမ်း GAP စနစ်ဖြင့် စိုက်ပျိုးထားရှိမှုများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ယမန်နေ့ နံနက်ပိုင်းက သန်လျင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ရန်ကုန်တောင်ပိုင်းခရိုင်၊ တံတားမြို့တွင် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား ထပ်တိုး အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်

ရန်ကုန်တောင်ပိုင်းခရိုင်၊ တံတားမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နေသည့် ကာလအတွင်း နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်ရာတွင် အကြောင်း အမျိုးမျိုးကြောင့် မရရှိခဲ့သည့် ထပ်တိုးအိမ်ထောင်စုများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက စတင်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရေး ကြီးကြပ်ရေးအဖွဲ့များ စတင်ရွေးချယ်

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ရပ်ကွက် ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေးအတွက် ကြီးကြပ်ရေးမှူး(၅)ဦးရွေးချယ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှ စ၍ မြို့နယ် ဌာန ဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သည့် ကြီးကြပ်ရေး အဖွဲ့မှ သက်ဆိုင်ရာ

ထန်းတပင်မြို့နယ်၌ အသက် (၈၅ )နှစ်အထက် သက်ကြီး အဘိုး အဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် အသက် (၈၅ )နှစ်အထက် သက်ကြီးအဘိုး အဘွားများ အား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို အောင်သုခရပ်ကွက်နှင့် သီရိရတနာရပ်ကွက် တို့တွင် တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်လျက် ရှိကြောင်းသိရသည်။

သုံးခွမြို့နယ်တွင် မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့် ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အား ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်‌ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးဌာနမှ ကျေးလက်‌ နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိ၍ မိသားစု၀င်ငွေ တိုးပွားကာ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်‌ စေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတိုးရငွေဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းကလက်ပန်ချောင်ကျေးရွာနှင့် မှိုကုန်းသာ ကျေးရွာ ကွန်ကရစ်လမ်း ခင်းခြင်း လုပ်ငန်း အားစံချိန်စံညွှန်းမှန်ကန်တိကျ မှုရှိမရှိကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
Subscribe to