သံတောင်ကြီးမြို့နယ် ချောင်းနှစ်ခွကျေးရွာတွင် အမျိုးသမီးနှင့်ခေါင်းဆောင်မှုနှင့် ကျား မ အခြေပြုအကြမ်းဖက်မှု လျှော့ချရေး သင်တန်း ဖွင့်လှစ်
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် Paung Sie Focilicity (PSF)၏ ပံ့ပိုးကူညီမှုဖြင့် သံတောင်ကြီး အမျိုးသမီးများအဖွဲ့က ဦးဆောင်ကာ အမျိုးသမီးနှင့်ခေါင်းဆောင်မှု ၊ ကျားမ အခြေပြုအကြမ်းဖက်မှု လျော့ချရေး သင်တန်းကို ဇန်နဝါရီလ(၂၈)ရက်နေ့ မှ (၃၀)ရက်နေ့အထိ စီပင်ကြီး ကျေးရွာအုပ်စု ချောင်းနှစ် ခွကျေးရွာ ကရင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းခန်းမ၌ပြုလုပ်သည်။