ဟားခါး-ထန်တလန် လမ်းတွင် မော်တော်ယာဉ်တစ်စီး ချောက်ထဲထိုးကျ တိမ်းမှောက်၍ လူ (၂) ဦးသေဆုံး
ချင်းပြည်နယ် ဟားခါးမြို့မှ (၄) မိုင်ခန့်အကွာ ဟားခါး-ထန်တလန်လမ်းတွင် ထန်တလန်မှ ဟားခါးသို့ ထွက်ခွာလာသော အိမ်စီးကား (၄) ဘီးကား ခဲရောင်ယာဉ်သည် ယနေ့ညနေ ၂ နာရီ မိနစ် ၂၀ အချိန်ခန့်က အရှိန်လွန်ပြီး ပေ (၅၀၀) ခန့်ချောက်ထဲသို့ ထိုးကျတိမ်းမှောက်၍ ယာဉ်မောင်းနှင့် သမီးဖြစ်သူ (၂) ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။