အလုံမြို့နယ်တွင် ပုံမှန်ဝင်​​ငွေမရှိ​သော ထပ်တိုးအိမ်​ထောင်စုများအား ထောက်ပံ့​​​ငွေများပေးအပ်

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် ပုံမှန်ဝင်​ငွေမရှိ​သော ထပ်တိုးအိမ်ထောင်စုများအတွက် ​ထောက်ပံ့​ငွေ​များကို ယနေ့ နံနက် (၁၀) နာရီအချိန်မှ စတင်ကာ ရပ်ကွက်များအလိုက် ပြည်သူများလက် ဝယ်အရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

ဒဂုံမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စုများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းဆောင်ရွက်

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်တွင် နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ အား လတ်တလော ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကာလတွင် စားဝတ်နေရေး အထိုက်အလျောက် အဆင်ပြေစေရန်အတွက် ထပ်တိုးအိမ်ထောင်စု တစ်စုလျှင် ငွေ(၄၀၀၀၀)ကျပ် ကို ယမန်နေ့ နံနက်(၁၀) နာရီအချိန်က ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးရှေ့တွင် ပေးအပ်ခဲ့ကြောင် သိရသည်။

မြို့နယ်အဆင့်မြစိမ်းရောင်ကျေးရွာ စီမံကိန်းသုံးသပ်ဆွေးနွေးပွဲနှင့် စံပြမြစိမ်းရောင်ကျေးရွာဆုချီးမြှင့်ပွဲ သာစည်မြို့၌ပြုလုပ်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် မြို့နယ်အဆင့်မြစိမ်းရောင်ကျေးရွာ စီမံကိန်းသုံးသပ်ဆွေးနွေး ပွဲနှင့်စံပြမြစိမ်းရောင် ကျေးရွာဆုချီးမြှင့်ပွဲကို ဇန်နဝါရီ ၂၈ ရက် နံနက် ၁၀ နာရီခွဲက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ကြောင်းသိရသည်။

ကြည့်မြင်တိုင်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အ​ခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အ​ခြေခံလူတန်းစား ထပ်တိုး အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ ရပ်ကွက်များ အလိုက် ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်လျက်ရှိ ကြောင်း သိရသည်။

တံတားဦးမြို့နယ်တွင် ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ ၊ နည်းဥပဒေများအား အသိပညာပေးခြင်းကွင်းဆင်းဆောင်ရွက်

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်၌ ကြီးကြပ်ရေးအဖွဲ့ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်း ဆိုင်ရာ ဥပဒေ ၊ နည်းဥပဒေများ ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ ၊ နည်းဥပဒေများအား အသိပညာပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက ဇီးချောင်းကျေးရွာ ဘုန်းတောမ်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပကြောင်းသိရသည် ။

မင်းလှမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စုဝင်များအတွက် ထောက်ပံ့ငွေများပေးအပ်

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း နိုင်ငံတော်အစိုးရအနေဖြင့်ပုံမှန် ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများ အတွက် ထောက်ပံ့မှုများ ပေးလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ မင်းလှ မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားထပ်တိုး အိမ်ထောင်စုဝင်များအတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် ၃ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး ၌ ပြုလုပ်သည်။

မိုးကုတ်မြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံ

မိုးကုတ်မြို့တွင် ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာနအစီအစဉ်​ဖြင့် မိုးကုတ်မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာဦးစီးဌာန ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (COVISHIELD) ထိုးနှံခြင်းကို ဇန်နဝါရီ ၂၇ ရက်နေ့မှ စတင်ကာ မြို့နယ်ပြည်သူ့ ဆေးရုံကြီးတွင် ထိုးနှံခဲ့ကြကြောင်း သိရှိရသည်။

အုတ်ဖိုမြို့နယ်တွင် ပရဟိတအဖွဲ့များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြည်သူ့ဆေးရုံတွင် ယမန်နေ့ မွန်းလွဲပိုင်းက ပရဟိတအဖွဲ့ အသင်းသူ၊ အသင်းသားများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။

တီးတိန်မြို့၌ Facility Quarantine ဝင်ရောက်သူ (၃၀)ဦး ကိုဗစ်- ၁၉ ရောဂါ ပိုးရှိမရှိ စစ်ဆေးရာ အမျိုးသမီးတစ်ဦးတွင် ရောဂါပိုးတွေ့ရှိ

ချင်းပြည်နယ်၊ တီးတိန်မြို့၌ Facility Quarantine ဝင်ရောက်သူ (၃၀)ဦးအား ယနေ့ နံနက်ပိုင်းက ကိုဗစ် -၁၉ရောဂါပိုး ရှိမရှိ ၄င်းတို့၏ Swab နမူနာများကို RDT ဖြင့် ဓာတ်ခွဲစစ်ဆေးရာ လေးလုမ်းရပ်ကွက်တွင်နေထိုင်သူ အသက် (၇၀)နှစ်အရွယ်အမျိုးသမီး တစ်ဦးတွင် ရောဂါပိုးတွေ့ရှိကြောင်းသိရသည်။

နိုင်ငံတော်မှ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရာတွင် အထောက်အကူပြု နိုင်ရေး ကော့သောင်းမြို့တွင် ရန်ပုံငွေရှာဖွေမှုများဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် နိုင်ငံတော်မှကိုဗစ်ကာကွယ်ဆေးဝယ်ယူရာတွင် အထောက်အကူ ပြုနိုင်ရေးရန်ပုံငွေရှာဖွေ အလှူခံသည့် လုပ်ငန်းများကို စေတနာဝန်ထမ်းပရဟိတလုပ်ငန်းအဖြစ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
Subscribe to