မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကို မိမိကစ၍ ကြိုတင်ကာကွယ်တားဆီးရန် နှာခေါင်းစည်း(Mask) တပ်ဆင်ကြရေး Mask Campaign ပြုလုပ်
ကိုဗစ်-၁၉ ရောဂါကို မိမိကစ၍ ကြိုတင်ကာကွယ် တားဆီးနိုင်ရေးအတွက် အပြင်ထွက်ပြီး သွားလာပါက နှာခေါင်းစည်း(Mask)ကို မဖြစ်မနေတပ်ဆင်၍ သွားလာမှုရှိစေရန် Mask တပ်ဆင်ရေးဆော်ဩပညာပေး စစ်ဆေးမှုကြီးကြပ်ရေးအဖွဲ့သည် Mask Campaign လှုပ်ရှားမှုကို ယနေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် တြိဂံလမ်းဆုံနေရာ၌ ပြုလုပ်ခဲ့ ကြသည်။