ဝန်းသိုမြို့နယ်ရှိ ကျေးရွာပေါင်း (၁၈) တွင် စက်ရေတွင်း တူးဖော်ပေးနိုင်ရေး မြေအောက်ရေရရှိနိုင်စွမ်း (Geophysical Survey ) တိုင်းတာ စစ်ဆေးပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိရေးနှင့် ပူပြင်းခြောက်သွေ့သော နွေရာသီ ကာလ၌ သောက်သုံးရေပြတ်လပ်မှု မရှိစေရေးအတွက် ရေရရှိရေးလုပ်ငန်းများကို နှစ်စဉ်ဘတ်ဂျက် လျာထား ဆောင်ရွက်ပေးလျက်ရှိရာ စက်ရေတွင်းတူးဖော်ပေးနိုင်ရေးအတွက် မြေအောက်ရေ ရရှိနိုင်စွမ်း (Geophysical Survey) တိုင်းတာဆောင်ရွက်ခြင်းလုပ်ငန်းကို ကျေးရွာပေါင်း (၁၈)ရွာတို့တွင် တိုင်းတာ ဆောင်ရွက်ပြီးစီးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

သထုံမြို့နယ်၌ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရေးဆိုင်ရာ ဥပဒေ/ နည်းဥပဒေများ ရှင်းလင်း ပွဲပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ စိစစ်ရွေးချယ်ခြင်း နှင့် စပ်လျဉ်း၍ ပြင်ဆင် ထားသည့် ဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းဆွေးနွေးပွဲ ကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်သည်။

မိုးမောက်မြို့နယ်၌ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာအသိပညာပေးခြင်း ဆွေးနွေးပွဲကျင်းပ

ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ၊ မိုးမောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း( မိုးမောက်ရုံးခွဲ)မှ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာအသိပညာပေးခြင်းနှင့် မသန်စွမ်းသူများ ဆိုင်ရာဥပဒေနှင့်နည်းဥပဒေ အသိပညာ ပေးဆွေးနွေးပွဲကို ယနေ့ နံနက် (၉)နာရီခွဲခန့်က ကျင်းပရာ မိုးမောက်ရုံးခွဲ ဥက္ကဌ ဦးအောင်ဖြူစင်က အဖွင့်အမှာစကားပြောကြားသည်။

တမူးမြို့တွင် သက်တမ်းလွန်ဆေးဝါးများ၊ သက်တမ်းလွန် စားသောက်ကုန်များ၊ အမှတ်တံဆိပ် မပါ ကုန်ပစ္စည်းများ ရောင်းချမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များနှင့် ကုန်စုံ ဆိုင်များတွင် သက်တမ်း လွန်ဆေးဝါးနှင့် ဆေးပစ္စည်းများ၊ သက်တမ်းလွန် စားသောက် ကုန်များ၊ အမှတ်တံဆိပ်မပါ ကုန်ပစ္စည်းများ ရောင်းချမှု ရှိ/ မရှိကို ယမန်နေ့နံနက် (၁၀) နာရီခွဲ အချိန်က တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ငါ့သရောက်မြို့ငါးရက်ဈေးအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး Mask များအခမဲ့ပေးဝေ

ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန် အဟုန်မပျက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက ငါ့သရောက်မြို့၊ ဗိုလ်ချိုဈေး (ငါးရက် တစ်ကြိမ် ဈေး)၌ နှာခေါင်းစည်း Mask များအခမဲ့ပေးဝေခဲ့ကြောင်း သိရသည်။

မြိုင်မြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် မီးသတ်စခန်းမှ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က စက်သုံးဆီရောင်းချနေသာ ဆီဆိုင်များသို့ လိုက်လံ အသိပညာပေး လုပ်ငန်းများဆောင်ရွက်ခဲ့သည်။

ဟင်္သာတ၌ စွန်ပစ်အမှိုက်အကြောင်း သိကောင်းစရာ လက်ကမ်းစာစောင်များဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ဟင်္သာတမြို့ ပေါ်ရှိ လူစည်ကားသည့် လမ်းဆုံများတွင် ယနေ့နေ့လည်ပိုင်းက စွန်ပစ်အမှိုက် အကြောင်း သိကောင်းစရာများပါဝင်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသိရသည်။

ကျွန်းစုမြို့တွင် ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး အသိပညာပေး ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျေးလက်ဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း ပြည်သူများ ပေါ့ဆနေမှုမရှိဘဲ Mask တပ်ဆင်အသုံးပြုရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ယနေ့ နံနက်(၈)နာရီခွဲ အချိန်က အမှတ်(၁)ရပ်ကွက်ရှိ ‌‌မြို့မဈေးအရှေ့နှင့် မြို့အဝင်ဆိပ်ကမ်း တို့၌ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to