မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးများနှင့် သက်တမ်းလွန် စားသောက်ကုန်များ ရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
နေပြည်တော် စားသုံးသူရေးရာဦးစီးဌာနမှ ဇေယျာသီရိမြို့နယ် ပြည်စံအောင်ရပ်ကွက်ရှိ ပြည်စံအောင်ဈေးအတွင်း၌ ဆေးဆိုင်များ နှင့် စားသောက်ကုန် အရောင်းဆိုင်များတွင် မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးများနှင့် သက်တမ်းလွန်စားသောက်ကုန်များ ရောင်းချနေမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။