သီပေါမြို့နယ်တွင် စားသုံးသူကာကွယ်ရေးအသင်း ဖွဲ့စည်းနိုင်ရေး စားသုံးသူပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးအသင်း ဖွဲ့စည်းနိုင်ရေးအတွက် စားသုံးသူပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။