မြန်အောင်မြို့နယ်၌ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရေးဆောင်ရွက်မည့်လုပ်ငန်းစဉ်များအကြောင်း အသိပညာပေးဆွေးနွေး
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၌ ရပ်ကွက်(သို့မဟုတ်) ကျေးရွာ အုပ်စု အုပ်ချုပ်ရေးဆိုင်ရာနည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေနှင့်အညီ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ရွေးချယ်ရေး ဆောင်ရွက်မည့်လုပ်ငန်း စဉ်များအကြောင်း အသိပညာပေးဆွေးနွေးပွဲများ ကျင်းပ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။