တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့၍ စောင့်ကြည့်ရေးစခန်းအား ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ စောင့်ကြည့်ရေးစခန်း(Quarantine Centre)နှစ်ခုရှိ ကန့်သတ်စောင့်ကြည့်ထားသူ ရှင်သာမဏေ (၁၉)ပါးနှင့် ခရီးသွားပြည်သူ (၄၃)ဦး နှာခေါင်းနှင့် အာခေါင်တို့မှ ဓါတ်ခွဲနမူနာများအား စစ်ဆေးချက်အရ ဝေဠုဝန် ဘ/ကကျောင်းတွင် ထားရှိသည့် စောင့်ကြည့်ရေးစခန်းမှ ရှင်သာမဏေ (၄)ပါးထံက ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိခဲ့ရသည့်အတွက် မြို့နယ်အရန်မီးသတ်တပ်ဖွဲ့သည် ယမန်နေ့ ညနေပိုင်းတွင် ပိုးသတ်ဆေးဖျန်းပေးခဲ့သည်။