တနင်္သာရီမြို့နယ်အတွင်းရှိ Quarantine Center များ၌ အသွားအလာကန့်သတ်ထားသူများ၏ (Swab)နမူနာများ မော်လမြိုင်ဓာတ်ခွဲဌာနသို့ ဆက်လက်ပေးပို့
COVID-19 ကူးစက်မြန်ရောဂါကာလတွင် တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်းသို့ အလုပ်ကိစ္စဖြင့်ရောက်ရှိလာသူများနှင့် နေရပ်ပြန်လာသူဒေသခံများ အားလုံး(၅၆)ဦးအား Quarantine Center) များ၌ Community Based Facility Quarantline) အသွားအလာ ကန့်သတ် (၁၄) ရက် စောင့်ကြပ်ထားရှိပြီး ၎င်းတို့အနက် သတ်မှတ်ကာလပြည့်ပြီဖြစ်သူ(၁၅)ဦးအား ဇန်နဝါရီလ၂၁ ရက် နံနက် ၉ နာရီခွအချိန်က နှာခေါင်းနှင့် အာခေါင်တို့ဖတ်(Swab)နမူနာ ရယူပြီး ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ အတည်ပြုစစ်ဆေးနိုင်ရန် မော်လမြိုင်ဓာတ်ခွဲဌာနသို့ ပေးပို့စစ်ဆေးသွားမည်ဖြစ်ကြောင်း မြို့နယ် ဆရာဝန်ကြီး ဒေါက်တာအောင်သိုက်ထွန်း ထံမှ သိရှိရသည်။