ဘုတ်ပြင်းမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲအတွက် ကြီးကြပ်ကော်မတီ (၅) ဦး တာဝန်ပေးနိုင်ရေး အသိပေးရှင်းလင်း
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းလုပ်ငန်းစဉ်အတွက် ကြီးကြပ်ကော်မတီ(၅)ဦး ရွေးချယ် တာဝန်ပေး အပ်နိုင်ရေး အသိပေးရှင်းလင်းခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန် က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန သပြေခန်းမ၌ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးအောင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ရပ်ကွက်/ကျေးရွာအုပ်စု စာရေး ဝန်ထမ်းများတက်ရောက်ကြသည်။