လှိုင်းဘွဲမြို့နယ်တွင် ဆောင်းသီးနှံဖြစ်သော ပြောင်း၊ နှမ်းနှင့်နေကြာ စိုက်ပျိုးထားရှိမှုအား ကွင်းဆင်းကြည့်ရှု
ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲမြို့နယ်တွင် ဆောင်းသီးနှံများဖြစ်သော ပြောင်း၊ နှမ်းနှင့် နေကြာ စိုက်တောင်သူများ အနေဖြင့် အရည်အသွေးပြည့်မီသော စားသောက်ကုန်များ ရရှိနိုင်ရေးအတွက် ကွင်းဆင်း ကြည့်ရှုခြင်းကို ယမန်နေ့က စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်အဖွဲ့များက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။