လားရှိုးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်ကုသရေး ခရိုင်အဆင့် ကော်မတီက ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ အဌမအကြိမ် စားသောက်ကုန်နှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ လှူဒါန်း
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်ကုသရေး ခရိုင်အဆင့်ကော်မတီက လားရှိုးမြို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ယနေ့နံနက် (၈)နာရီခွဲအချိန်က စတင်၍ ကျောင်းတိုက်များသို့အရောက် အဌမအကြိမ် စားသောက်ကုန်နှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။