တိုင်းစည်ပင်ထောက်ပံ့မှုဖြင့် ကင်းတပ်ကျေးရွာနှင့် မော်လိုက်ကလေး ကျေးရွာတို့တွင် ရွာတွင်းလမ်းများအား ကွန်ကရစ် လမ်းခင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ် ကင်းတပ်ကျေးရွာနှင့် မော်လိုက်ကလေးကျေးရွာ တို့တွင် စစ်ကိုင်းတိုင်း ဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ထောက်ပံ့ပေးသည့် ဘိလပ်မြေဖြင့် ကျေးရွာတွင်း လမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများကို ဇန်နဝါရီလ ပထမပတ်မှစတင်၍ အကောင် အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း မော်လိုက် မြို့နယ် စည်ပင်သာယာကော်မတီ၊ မြို့နယ် အမှုဆောင် အရာရှိ ဦးဇော်ဇော်ထွန်း ပြောကြားချက်အရ သိရသည်။