သပိတ်ကျင်းမြို့နယ်တွင် ကိုဗစ် − ၁၉ ရောဂါ အတည်ပြုလူနာ (၃) ဦး ဆေးရုံမှဆင်းခွင့်ရပြီး ဆေးရုံဆင်းခွင့်ရရှိသူ (၂၉) ဦးထိရှိလာ
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် ကိုဗစ် − ၁၉ ရောဂါ အတည်ပြု လူနာ (၃) ဦးသည် ရောဂါသက်သာ ပျောက်ကင်း၍ ယနေ့နံနက်ပိုင်းက ဆေးရုံဆင်းခွင့်ရခဲ့ပြီး ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း (၂၉) ဦးထိရှိလာကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။