သာစည်မြို့တွင် အိမ်မွေး တိရိစ္ဆာန်အကောင်ရေတစ်ရာကို ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံ
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် အိမ်မွေးတိရိစ္ဆာန်ခွေး၊ ကြောင်ကောင်ရေတစ်ရာကို ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းအား ယနေ့နံနက် ၉ နာရီကစတင်၍ မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနရုံးတွင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။