လှိုင်းဘွဲမြို့နယ်ရှိ ကျေးရွာများတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်း
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက် ရန် မြလေးကျေးရွာအုပ်စု၊ ရွာသာအေးကျေးရွာနှင့်ဒေါ်လန်းအုပ်စု၊ အလယ်ရွာကျေးရွာတို့တွင် မြစိမ်းရောင်စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာအဆင့်ကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။