ပင်းတယမြို့၌ အိမ်မွေးခွေးများအား ခွေးရူးပြန်ကာကွယ်ဆေးများ နေရာအရောက် လိုက်လံထိုးနှံပေးခြင်း လုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ မြို့ပေါ်ရပ်ကွက်များနှင့် ဌာနဆိုင်ရာရုံးများ၌ မွေးမြူ ထားသောခွေးများအား ခွေးရူးပြန်ကြိုတင် ကာကွယ်ဆေးများကို ယနေ့တွင် နေရာအရောက် လိုက်လံထိုးနှံပေးခြင်း လုပ်ငန်း ကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

တောင်သာမြို့နယ်၌ ၆၆/၃၃ ကေဗွီ(၃၀)အမ်ဗွီအေ တောင်သာဓာတ်အားခွဲရုံပြီးစီး၍ အနီးပတ်ဝန်ကျင်ကျေးရွာများ လျှပ်စစ်မီးရရှိရေး ဆက်လက်ဆောင်ရွက်

  မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ၊ တောင်သာမြို့နယ်၌  ၆၆/၃၃ကေဗွီ(၃၀) အမ်ဗွီအေ တောင်သာဓာတ်အားခွဲရုံတည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်၍ အနီးပတ်ဝန်းကျင်ကျေးရွာများ  လျှပ်စစ်မီးရရှိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တောင်သာမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှသိရသည်။

ထားဝယ်မြို့၊ သပြေချောင်းကျေးရွာအနောက်ခြမ်းတွင်နေအိမ်(၁)လုံးမီးလောင်မှုဖြစ်ပွား

ထားဝယ် ဇန်နဝါရီ ၁၂ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ သ​ပြေချောင်းကျေးရွာ၊အနောက်ခြမ်းတွင် ယနေ့နံနက် ၀၆:၅၀ နာရီအချိန်ခန့်က နေအိမ်(၁)လုံးမီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်၌ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး သင်တန်းဖွင့်လှစ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျိုက်ထိုမြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ တိရစ္ဆာန် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး သင်တန်းကို ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၌ ဖွင့်လှစ်ခဲ့သည်။

သပိတ်ကျင်းမြို့ အထက Facility Quarantine Centre တွင်ထားရှိသည့် အနံ့ပျောက်လူနာတစ်ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့ အထက Facility Quarantine Center တွင်ထားရှိသည့် အနံ့/အရသာ ပျောက်ဆုံးနေသူအမျိုးသားတစ်ဦးတွင် ယမန်နေ့ညနေပိုင်းက ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသဖြင့် မြို့နယ် ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ရေနံချောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်မည့် လုပ်ငန်းများအတွက် ပစ္စည်းဝယ်ယူရန် အိပ်ဖွင့်တင်ဒါ ခေါ်ယူခြင်း အခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် (၂၀၂၀ ခုနှစ် အောက်တိုဘာလမှ ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ) ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများအတွက် လုပ်ငန်းခွင်သုံးပစ္စည်းများ ဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး၌ ကျင်းပခဲ့သည်။

ပိုင်ကျုံမြို့ တနင်းသ‌ရောကျေးရွာ၌ လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်၀န်း)တွင် ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း(၄၅)ရာခိုင်နှုန်းပြီးစီး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ မဲပရကျေးရွာအုပ်စု၊ တနင်းသရောကျေးရွာ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင်ကမ္ဘာ့ ဘဏ်အကူအညီဖြင့် ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများကို ဒီဇင်ဘာလ (၂၉) ရက်နေ့က စတင်အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ (၄၅)ရာခိုင် နှုန်းပြီးစီးပြီးဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း မြို့နယ်များတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ် အတွင်းမြို့နယ်များတွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့၌ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များပြုလုပ်ဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။

ပိုင်ကျုံ-မိုးနိုင်း(ဒါးကျိုင်း)ချောင်းကူးတံတားတည်ဆောက်ခြင်း လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံမှ ပရဟိတအဖွဲ့တစ်ခုဖြစ်သော အခြေခံအဆောက်အအုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(JIP) တို့ ပူးပေါင်းစီမံမှုဖြင့် တည်ဆောက်လျက်ရှိသည့် ပိုင်ကျုံ-မိုးနိုင်း ချောင်းကူးတံတားကြီးအား ဒီဇင်ဘာလ(၁၉)ရက်နေ့မှ စတင် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်

မော်လိုက်မြို့နယ် ရွှေလင်းတကျေးရွာ၌ လယ်ဧက (၉၅) ဧကကို အကျိုးပြုနိုင်မည့် ရေနုတ်မြောင်း စတင်တူးဖော်

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ် ဝါးရုံသာကျေးရွာအုပ်စု ရွှေလင်းတကျေးရွာ၌ လယ်ဧက (၉၅) ဧကကို အကျိုးပြုနိုင်မည့် ရေနုတ်မြောင်း စတင်တူးဖော်ခြင်းကို ဇန်နဝါရီလ ၈ ရက်နေ့မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရသည်။
Subscribe to