ဟိုပုံးမြို့နယ်၌ ပထမ(၁၀)နှစ် အင်းလေးကန် ရေဝေရေလဲ ထိန်းသိမ်းရေးစီမံကိန်း၊ (၂၀၂၀-၂၀၂၁ ခုနှစ်မှ ၂၀၂၉-၂၀၃၀ ခုနှစ် အထိ) ဆက်စပ်ဌာနများနှင့် စီမံကိန်းလျာထားစေ့စပ်ညှိနှိုင်း အစည်းအဝေးကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ အင်းလေးကန် ရေဝေရေလဲ ထိန်းသိမ်းရေးစီမံကိန်း၊ (၂၀၂၀-၂၀၂၁ ခုနှစ်မှ ၂၀၂၉-၂၀၃၀ ခုနှစ်အထိ) ပထမ(၁၀)နှစ် ဆက်စပ်ဌာနနှင့် စီမံကိန်း လျာထား စေ့စပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။