နာဂဒေသ၊ လေရှီးမြို့နယ်တွင် ဆောင်းမြေပဲနှင့် ဆောင်းနေကြာ GAP စံပြစိုက်ကွက်အား တောင်သူများ သီးနှံအထွက်နှုန်း တိုးပွားစေရန် ရည်၍ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်စိုက်ပျိုး

စစ်ကိုင်တိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်၊ ရန်နွေးကျေးရွာနှင့် မွန်းကိုင်လင် ကျေးရွာတို့တွင် တောင်သူ ဦးစိုးနိုင်နှင့် ဦးဟင်ရခုတ်တို့၏ ဆောင်းမြေပဲနှင့် ဆောင်းနေကြာ GAP စံပြစိုက် ကွက်အား တောင်သူများ ဆောင်းသီးနှံအထွက်နှုန်း တိုးပွားစေရန်နှင့် မျိုးကောင်း၊ မျိုးသန့်ရရှိစေရန်ရည်ရွယ်၍ မြို့နယ်စိုက်ပျိုးရေး ဦစီးဌာနမှ ယနေ့ ကွင်းဆင်းစိုက်ပျိုးဆောင်ရွက်ခဲကြောင်း သိရသည်။

ရွှေဘိုမြို့ မြို့မစျေးကြီးအတွင်း မီးဘေးအန္တရာယ်ကင်းရှင်းရေး တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေး

ရွှေဘိုမြို့ မြို့မစည်ပင်သာယာစျေးကြီးအတွင်း မီးဘေးအန္တရာယ်ကင်းရှင်းရေး၊ မီဘေးလုံခြုံ စိတ်ချမှုရှိစေရေး ရွှေဘိုခရိုင် မီးသတ်ဦးစီးဌာန၏ လမ်းညွှန်ကြီးကြပ်မှုနှင့်အတူ၊ မြို့နယ်မီးသတ် ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် သက်ဆိုင်ရာ တာဝန်ရှိ သူများက ယနေ့ နံနက် ၉ နာရီအချိန်က ကွင်းဆင်းစစ်ဆေး ခဲ့ကြကြောင်း သိရှိရသည်။

ထားဝယ်မြို့ မင်္ဂလာစျေးတွင် ခွင့်မပြု သက်တမ်းလွန် အစားအသောက်နှင့် အလှကုန်များအား စစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ တားမြစ် ထားသော ဓာတုပစ္စည်းများပါဝင်သည့် အစားအသောက် များ၊ အလှကုန်ပစ္စည်းများအား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်း မရှိစေရန်နှင့် အများပြည်သူ ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူ သုံးစွဲနိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက မင်္ဂလာစျေးတွင် ပြည်သူလူထု နေ့စဉ် စားသောက်၊ အသုံးပြုနေသော အခြေခံစားကုန်များနှင့် အလှကုန် များ ဘေးအန္တရာယ်ကင်းရှင်း စေရေးခွင့်မပြု၊ သက်တမ်းလွန်အစားအသောက်၊ အလှကုန်များကို စျေးကွက်ထောက်လှမ်း ကြည်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။

ဖာပွန်မြို့၌ (၈၃) နှစ်မြောက် ကရင်နှစ်သစ်ကူးနေ့နှင့် ကောက်သစ်စားပွဲအား အကျဉ်းချုပ် ကျင်းပမည်

ကရင်သက္ကရာဇ် (၂၇၆၀) ခုနှစ် ပြာသိုလဆန်း (၁) ရက်နေ့တွင် ကျရောက်သည့် ကရင် တိုင်းရင်းသားတို့၏ (၈၃) နှစ်ပြည့် ကရင်နှစ်သစ်ကူး ပွဲတော်ကို ကရင်လူမျိုးတို့၏ သမိုင်း၊ စာပေ၊ ယဉ်ကျေးမှု၊ လူမျိုးနှင့် ဘာသာစကား စသည်တို့အား မေ့ပျောက်သွားခြင်းမရှိစေရန် ရည်ရွယ်၍ ကရင်နှစ်သစ်ကူးနေ့အခမ်းအနားအား အကျဉ်းချုပ်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်အတွင်း ယာယီပျံကျဈေးရှိ ဈေးရောင်းဈေးဝယ်သူများ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး ကွင်းဆင်းပညာပေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်း၏ လမ်းညွှန်မှုဖြင့် ဝန်ထမ်းများအဖွဲ့က ယနေ့ နံနက် ၇ နာရီခွဲက မြို့နယ်စည်ပင် သာယာနယ်နိမိတ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော လယ်ကိုင်းကျေးရွာ ယာယီပျံကျဈေးနှင့် ကျောင်းတော်ရာကျေးရွာ ယာယီပျံကျဈေးသို သွားရောက်ပြီး ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဈေးရောင်းဈေးဝယ်သူများ သိရှိလိုက်နာရန် ထုတ်ပြန်ထားသော ညွှန်ကြားချက်များ လိုက်နာဆောင်ရွက်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းနှင့် ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း (Mask) များ အခမဲ့ ဖြန့်ဝေခြင်းများ ပြုလုပ် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ထန်တလန်မြို့၌ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး(၁/ ၂၀၂၁) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်အဆင့်ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုအဖွဲ့ နာယက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမှုထန်က အဖွင့်အမှာစကားပြောကြားသည်။

စေတုတ္တရာမြို့နယ် ဖျင်ကြီးကျေးရွာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် (၄.၅) သန်းဖြင့် ဂါလံ (၅၀၀၀) ဆံ့ အုတ်ရေကန် တည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေများ ဖူလုံစွာရရှိနိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် (၄.၅) သန်းဖြင့် ဖျင်ကြီးကျေးရွာ ဂါလံ (၅၀၀၀) ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်း လုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကရင်နှစ်သစ်ကူးပွဲ ကျင်းပမည့် တောင်ငူခရိုင်အတွင်းရှိ ကျေးရွာများအတွက် ရန်ပုံငွေကျပ်(၇၅)သိန်း ထောက်ပံ့ပေးအပ်

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ (၁၃) ရက်နေ့တွင် ကျရောက်သည့် ကရင်သက္ကရာဇ် (၂၇၆၀) နှစ်မြောက် ကရင်နှစ်သစ်ကူးနေ့အတွက် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အတွင်းရှိ မြို့နယ် (၆)မြို့နယ်၌ နှစ်သစ်ကူးပွဲတော်ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ကျေးရွာအဆင့် စီစဉ်ကျင်းပ ပြုလုပ်သည့် တစ်မြို့နယ်လျှင် ရန်ပုံငွေကျပ် ၁၂ သိန်းခွဲ ထောက်ပံ့ပေး အပ်ခြင်းကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပွယ်စေး တက်ရောက်ပေးအပ်သည်။

ပင်လည်ဘူးမြို့၌ အသက်မွေး ဝမ်းကျောင်းအထောက်အကူပြု အဆင့်မြှင့် စက်ချုပ်သင်တန်းဖွင့်

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းခရိုင် ပင်လည်ဘူးမြို့၌ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကျင်းပဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြှင့် စက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမနန်နေ့ နံနက် ၁၀ နာရီအချိန်တွင် မြိုနယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ ကြောင်းသိရသည်။

ထီးလင်းမြို့ အမှတ်(၁) ရပ်ကွက် (ရပ်မကွင်း)တွင် နွေစပါးစိုက်ပျိုးရန် တောင်သူများက စက်ယန္တရားဖြင့် ထယ်ထိုး/မြေပြုပြင်ခြင်း လုပ်ငန်းများ စတင်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့ အမှတ်(၁)ရပ်ကွက်(ရပ်မကွင်း)တွင် ဆည်ရေ သောက်ဖြင့် နွေစပါးများ အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် တောင်သူများက ထယ်ထိုး/ မြေပြုပြင်ခြင်း၊ ထွန်ယက်ခြင်း လုပ်ငန်းများကို စက်ယန္တရားဖြင့် စတင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
Subscribe to