မြန်မာ့သမဝါယမလုပ်ငန်းစတင်ခြင်း(၁၂၁)ကြိမ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ကြိုဆိုဂုဏ်ပြု
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကျရောက်မည့် မြန်မာ့သမဝါယမလုပ်ငန်းစတင်ခြင်း(၁၂၁) ကြိမ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးမြို့၊ သမဝါယမ ဦးစီးမှူးရုံး၌ ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ သမဝါမယစာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာသင်ကျောင်း (မန္တလေး)ရှိ ပထမနှစ် သင်တန်းသား၊ သင်တန်းသူများက တက်ရောက်လေ့လာခဲ့ကြသည်။