ကျိုက်မရောမြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
ရွေးကောက်ပွဲတွင် နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်အခွင့်အရေး ပြည့်ဝစွာရရှိစေရေးအတွက် ကျိုက်မရောမြို့နယ်အတွင်း လူစည်ကားကာနေရာများနှင့် အခြေခံပညာကျောင်းများ၌ ဒို့အတူတူ မဲပေးကြမယ် လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနဝန်ထမ်းများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီက မြို့အဝင်လမ်းဆုံဆိုင်တန်းများနှင့် လူစည်ကားရာ နေများနှင့်ကျောင်းများ၌ ဖြန့်ဝေပေးခဲ့သည်။