ပဲတီစိမ်းစိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများသို့ မျိုးနှင့်သွင်းအားစုပေးအပ်ပွဲအခမ်းအနား ကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် တစ်စပ်တစ်ဆက်တည်း ပဲတီစိမ်းဧက(၁၀၀၀)စိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများသို့ မျိုးနှင့်သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်တွင် ကတုံးပေါ်အလယ်ကျေးရွာ တောင်သူဦးမြင့်သန်းလယ်ကွင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊