ရေဦးမြို့တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

၂၀၂၅ ခုနှစ်၊‌ ဒီဇင်ဘာ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ရွေးကောက်ပွဲနှင့်ပတ်သက်သည့် သတိပြုလိုက်နာရမည့်အချက်များအား ပြည်သူများသိရှိနိုင်စေရန်ရည်ရွယ်ပြီး ရေဦးမြို့တွင်ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ပိုစတာများ‌ကပ်ထားကြေညာခြင်းကို ယနေ့နံနက် ၀၈:၀၀ နာရီက ရေဦး-မကျီးတောလမ်းတွင် စုပေါင်းဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ရွေးကောက်ပွဲကျင်းပပြုလုပ်မည့်မဲရုံများအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှကြီးမှူး၍ မြို့နယ်အတွင်းရှိ ရွေးကောက်ပွဲကျင်းပပြုလုပ်မည့်မဲရုံများအား မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးခြင်းများကို ယနေ့နံနက်က လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် “ဒို့အတူတူ မဲပေးကြမယ်” ရွေးကောက်ပွဲ လှုံ့ဆော်မှု (Campaign) ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် “ဒို့အတူတူ မဲပေးကြမယ်” ရွေးကောက်ပွဲ လှုံ့ဆော်မှု (Campaign) ဆောင်ရွက် မြို့သစ် ဒီဇင်ဘာ ၁၅ သန်းဝင်းထွန်း(ပြန်/ဆက်)

ဘိုကလေးမြို့နယ်တွင် နွေစပါးစိုက်ပျိုးရာသီ မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့်  စိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သကံဝကျေးရွာအုပ်စု၊ ဘိုကလေး-ဖျာပုံကားလမ်းဘေး၊ ကွင်းအမှတ်(၇၀၈)၊ ဦးပိုင်အမှတ်(၉၁)၊ ဧရိယာ(၄)ဧကရှိ တောင်သူ ဦးအေးဝင်း၏ လယ်ယာမြေတွင် ယနေ့နံနက် (၉) နာရီခွဲအချိန်က နွေစပါးစိုက်ပျိုးရာသီ၌ ကြဲခင်းစနစ်လျော့နည်းပပျောက်ရေး မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပြပွဲကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို၌ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအောင်မြင်ရေး ရွေးကောက်ပွဲလှုံ့ဆော်မှုများ ဆောင်ရွက်

မိုင်းယောင်းမြို၌ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအောင်မြင်ရေး ရွေးကောက်ပွဲလှုံ့ဆော်မှုများ ဆောင်ရွက် မိုင်းယောင်း ဒီဇင်ဘာ ၁၅ ဝေဝေခိုင်(ပြန်/ဆက်)

မိုးနဲမြို့နယ်၌ မဲရုံဖွင့်လှစ်ဆောင်ရွက်မည့် အခြေခံပညာကျောင်းများ မီးဘေးလုံခြုံရေး စစ်ဆေး

မိုးနဲမြို့နယ်၌ မဲရုံဖွင့်လှစ်ဆောင်ရွက်မည့် အခြေခံပညာကျောင်းများ မီးဘေးလုံခြုံရေး စစ်ဆေး မိုးနဲ ဒီဇင်ဘာ ၁၅ မြို့နယ်(ပြန်/ဆက်)

ညောင်လေးပင်မြို့ (Community Centre) ခန်းမ၌ မူးယစ်ဆေးဝါးပပျောက်ရေး အသိပညာပေးဟော ပြောပွဲနှင့်ကဗျာရွတ်ပြိုင်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ မူးယစ်ဆေးဝါးပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲ ပြုလုပ်ခြင်းတို့ကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းဆတ်မြို့၌ မဲပေးစက်ကိုင်တွယ်အသုံးပြုခြင်းနှင့် မဲရုံခင်းကျင်းခြင်း သရုပ်ပြပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲပေးစက်ကိုင်တာဝန်ထမ်းဆောင်မည့်သူများအား မဲပေးစက်ကိုင်တွယ်အသုံးပြုခြင်းနှင့် မဲရုံခင်းကျင်းခြင်း သရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သဲကုန်းမြို့နယ်တွင် ကျောင်းအ​ခြေပြု မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်‌ရေး သရုပ်ပြပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူများအနေဖြင့် မီးဘေးအန္တရာယ်နှင့်ပတ်သက်သည့် အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ယနေ့နံနက် (၉)နာရီအချိန်က မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအခြေပြု မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်‌ရေး သရုပ်ပြပွဲကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to