သဲကုန်းမြို့နယ်တွင် ကျောင်းအ​ခြေပြု မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်‌ရေး သရုပ်ပြပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူများအနေဖြင့် မီးဘေးအန္တရာယ်နှင့်ပတ်သက်သည့် အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ယနေ့နံနက် (၉)နာရီအချိန်က မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအခြေပြု မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်‌ရေး သရုပ်ပြပွဲကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပန်းတောင်းမြို့နယ်၌ ကျေးရွာများသို့သွားရောက် အခမဲ့ တီဘီရောဂါရှာဖွေ ကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ တီဘီရောဂါတိုက်ဖျက်ရေးဌာနနှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ တာဝန်ရှိသူများပူးပေါင်း၍ အခမဲ့တီဘီရောဂါရှာဖွေကုသခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ကျေးရွာများသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလတ်သူသူကျော် ဦးဆောင်သောအဖွဲ့မှ ကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပေါင်းတည်၌ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းခြင်းနှင့် စက်ကိုင်မွမ်းမံသင်တန်းပို့ချ

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ရပ်ကွက်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲနှင့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ လုပ်ငန်းလမ်းညွှန်ညှိနှိုင်းဆွေးနွေးပွဲနှင့် စက်ကိုင်မွမ်းမံသင်တန်းကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ခန်းမတွင် ကျင်းပပြုလုပ်သည်။

ရွှေတောင်မြို့နယ်တွင် လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) များအား တောင်သူများ လက်ဝယ်သို့ လွှဲပြောင်းပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံကြီးကြပ်မှုဖြင့် ထုတ်လုပ်ထားသော လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) များအား တောင်သူများ လက်ဝယ်သို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အုတ်ဖိုမြို့တွင် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှုအခြေခံ သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

တောင်သူလယ်သမားများ လယ်ယာလုပ်ငန်းခွင်အတွင်း စက်ကိရိယာများ အဆင်ပြေချောမွေ့စွာ မောင်းနှင်ထိန်းသိမ်းနိုင်စေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၁၆) စက်မှုလယ်ယာစခန်းတွင် ယနေ့နံနက် ၉ နာရီ ၃၀ အချိန်က လယ်ယာသုံး စက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပသည်။

ရေနံချောင်းမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရေနံချောင်းမြို့နယ် ဦးစီးမှူးရုံးမှ မဲဆန္ဒရှင်ပြည်သူများအား ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် အခမဲ့ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းတည့် ၁၂ နာရီက တွင်းကုန်းရပ်ကွက် ဝင်းရတနာခန်းမ၌ ကျင်းပသည်။

တာချီလိတ်မြို့၌ အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်များ၊ သက်တမ်းတိုးလိုင်စင်များနှင့် သားသတ်လုပ်ငန်းလိုင်စင်များ ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချခြင်းအခမ်းအနား ကျင်းပ

‎ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ ၂၀၂၆-၂ဝ၂၇ ခု ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များ၊ သက်တမ်းတိုးလိုင်စင်များနှင့် သားသတ်လုပ်ငန်းလိုင်စင်များအား ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မကာဟိုခမ်းရပ်ကွက်ရှိ အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ငဖဲမြို့နယ်၌ မိုးစပါး (၈၄၅၆) ဧကကျော်ရိတ်သိမ်းပြီးစီးပြီဖြစ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ ၂၀၂၅ ခုနှစ်တွင် ဒေသတွင်းဆန်စပါးဖူလုံစေရေး အတွက်စိုက်ပျိုးခဲ့သော မိုးစပါး ၈၄၅၆ ဧက ကျော်ရိတ်သိမ်းပြီးစီး နေပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ရေဦးမြို့နယ်ရှိ မော်တော်ယာဉ်ပိုင်ရှင်များအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရေးနှင့် ရွေးကောက်ပွဲဆိုင်ရာများ အသိပညာပေးဆွေးနွေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့ မြို့မရဲတပ်ဖွဲ့စခန်း ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက မော်တော်ယာဉ်ပိုင်ရှင်များ ယာဉ်စည်းကမ်းလမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြသည်။

နမ့်စန်မြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြိုနယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ နမ့်စန်မြို့နယ်နှင့် ခိုလမ်မြို့တို့မှ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
Subscribe to