သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် (Woman Club) အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် စာပေချစ်မြတ်နိုးသူ (Book Club )၊ (Woman Club) အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များဖြင့် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၁၀) နာရီအချိန်က ခင်စောတင့်ရေးသားထားသည့် “အိုမင်းရင့်ရော်ခြင်းကို လျော့နည်းနိုင်မည့် လျှို့ဝှက်ချက်များနှင့် ကျန်းမာရေးနည်းလမ်းများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။