အမြို့မြို့အနယ်နယ်သတင်းများ

Jun 10,2026
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဖူးစားပြောင်း ၂၇၉၆ ဧက စိုက်ပျိုးမည် ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Jun 10,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ အ-ထ-က(အင်္ဂပူ)တွင် အစိုးရသစ်၏ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
Jun 10,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ပြည်သူ့အတွက်ရက်(၁၀၀)စီမံချက်ဖြင့် မှုခင်းကျဆင်းရေး အသိပညာပေးဆွေးနွေးဟောပြောပွဲကို ယမန်နေ့ ဇွန်လ ၉ ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က ရေတွင်းကုန်းကျေးရွာအုပ်စု၊ ပြည်လုံးချမ်းသာ စေတီတော်မြတ်ကြီးအတွင်းရှိ ​သီလပေးတန်ဆောင်း၌ ကျင်းပသည်။
Jun 10,2026
‎ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီက မြို့မဈေးအတွင်းသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jun 10,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းရယ်မြို့နယ်ရုံးမှ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက နားဖျိုင်း ကျေးရွာအုပ်စု၊ နားဖျိုင်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌ ပြုလုပ်သည်။
Jun 10,2026
ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ စောရန်ပိုင်အ‌ရှေ့ရပ်ကွက်၊ အ.ထ.က(၄)ကျောင်းတွင် လမင်းစီမံချက်ဖြင့် ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်‌ ပေးခြင်းနှင့် UID ကတ်ထုတ်ပေးခြင်းလုပ်ငန်းများကို မြို့နယ်ဦးစီးမှူးဦးစံသိန်းမှ ကြီးကြပ်၍ ဒု-လဝကမှူး ဦးမျိုးမြတ်ဇော်နှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
Jun 10,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ မြစိမ်းရောင်တောင်တော် သုဒဿနတန်ဆောင်းကြီး၌ ဇွန်လ(၉)ရက်နေ့ နံနက်(၉း၀၀)နာရီအချိန်က ဝါးလက်မှုထည်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ဖွင့်လှစ်သင်ကြားခဲ့သည်။