Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဘောလခဲမြို့၊ ကမ်းနားလမ်းတွင် ရေနုတ်မြောင်းတူးဖော်ခြင်း စုပေါင်းဆောင်ရွက်
Jun 07,2026
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့ ရှမ်းပိုင်းရပ်ကွက် ကမ်းနားလမ်းတွင် ရေကြီးနစ်မြှုပ်စဉ်က တင်ကျန်ခဲ့သော သဲနုန်းများ တူးဖော်ခြင်းနှင့် ရေနုတ်မြောင်းများ တူးဖော်ရှင်းလင်းခြင်း၊ လမ်းဘေးဝဲယာ ခြုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်းကို ဇွန်လ ၆ ရက်နေ့ နံနက် ၇ နာရီက ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သာကေတမြို့နယ်၊ ကြက်ခြေနီအသင်းခွဲရုံးသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ
Jun 07,2026
ကြက်ခြေနီအသင်းခွဲရုံးသစ် ဖွင့်ပွဲကိုအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ (၁)ထူပါရုံရပ်ကွက်၊ ထူပါရုံ(၁၂)လမ်းအနောက်၊ အမှတ်(၁၈၀၄)၊ သာကေတမြို့နယ်၊ ကြက်ခြေနီအသင်းခွဲရုံးတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ မျိုးညွန့်၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တပ်ဖွဲ့မှူးချုပ် ဦးကျော်မျိုးကြည်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့နယ်ရှိ စက်သုံးဆီရောင်းဝယ်ရေးဆိုင်များအား မီးဘေးလုံခြုံရေးမီးဘေးအန္တရာယ် ကင်းဝေးစေရန် ကွင်းဆင်းစစ်ဆေးဆောင်ရွက်
Jun 07,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့၌ စက်သုံးဆီအရောင်းဆိုင်များအား ရက်(၁၀၀)အတွင်း ပြည်သူအကျိုးပြုလုပ်ငန်းအဖြစ် မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကင်းဝေးစေရန် ကွင်းဆင်းစစ်ဆေးခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းကို မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များက ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့နယ်၌ တရားမဝင်ကုန်စည်များ၊ လိုင်စင်မဲ့မော်တော်ယာဉ်များ ဖြတ်သန်းသွားလာမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်
Jun 07,2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ တရားမဝင်ကုန်စည်များ၊ လိုင်စင်မဲ့မော်တော်ယာဥ်များ ဖြတ်သန်း သွားလာမှု ရှိ/ မရှိ စစ်ဆေးခြင်းကို ယမန်နေ့နံနက် ၇ နာရီမှစတင်၍ သရက်ချောင်းမြို့၊ မြို့မရဲစခန်းအရှေ့တွင် သက်ဆိုင်ရာအဖွဲ့များဖြင့် ပူးပေါင်း စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဒလမြို့နယ်၌ ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူ နည်းပညာပေးဟောပြောဆွေးနွေးပွဲ ဆောင်ရွက်
Jun 07,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် အထွက်နှုန်းတိုးတက်ရေးအတွက် တောင်သူနည်းပညာပေး ဟောပြောဆွေးနွေးပွဲကို ဇွန်လ ၅ ရက်နေ့နံနက်ပိုင်းက ထော်အောက်ကျေးရွာအုပ်စု၊ ကြာဖြူကန်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လပွတ္တာမြို့၌ ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း ပြုလုပ်
Jun 07,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကြီးမှူး၍ ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ဇွန်လ ၅ ရက်နေ့ မွန်းလွဲပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဂန့်ဂေါမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်
Jun 07,2026
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရှိ ခရိုင်/မြို့နယ် ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်း၍ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗန်းမော်ခရိုင်အတွင်းမှ ယာယီနေရပ်စွန့်ခွာ ဝန်ထမ်းများအား ဆန်အိတ်များ ထောက်ပံ့၊ မုတ်သုံဦး MSME ဈေးရောင်းပွဲတော်အတွင်း ဒေသထွက်ကုန်ပစ္စည်…
Jun 06,2026
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြို့သန့်ရှင်းသာယာလှပရေးနှင့် ကျောင်းသား/ ကျောင်းသူ များ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ် ငန်းများကို ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ နံနက်ပိုင်းတွင် မြို့ပေါ် အခြေခံပညာကျောင်းများနှင့် ရပ်ကွက်များအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
102
Page
103
Page
104
Page
105
Current page
106
Page
107
Page
108
Page
109
Page
110
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department