Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ၏(အခွန်လွတ်)တောင်သူလယ်သမားဈေး ဖွင့်လှစ်ရောင်းချနေမှုအား ပြည်နယ်ဝန်ကြီးချုပ် ကြည့်ရှုအားပေး
Jun 06,2026
ကရင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးကဏ္ဍစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ၎င်းတို့ကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို အားပေးမြှင့်တင်နိုင်ရန် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တိုးမြှင့်အကောင်အထည်ဖော်၍ ထွက်ရှိလာသည့်ထုတ်ကုန်များကို သက်သာသောနှုန်းထားဖြင့် စားသုံးသူလက်ဝယ်သို့ တိုက်ရိုက်ရောက်ရှိစေရေးအတွက် လစဉ် ပထမအပတ်၏ စနေနေ့တိုင်းတွင် ဘားအံမြို့ သီရိကွင်း၌ ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ၏(အခွန်လွတ်) တောင်သူလယ်သမားဈေးကို ဖွင့်လှစ်ရောင်းချပေးလျက်ရှိရာ ဇွန် ၆ ရက် နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်သူလယ်သမားဈေးဖွင့်လှစ်ရောင်းချနေမှုအခြေအနေများကို ကြည့်ရှုအားပေးသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း ကြက်မွေးမြူရေး၊ ငါးမွေးမြူရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်းနေမှု ကြည့်ရှုစစ်ဆေး
Jun 06,2026
မွန်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အပတ်စဉ်စုပေါင်းသန့်ရှင်းရေးကို ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ အများပြည်သူများနှင့်သက်ဆိုင်သည့်နေရာများ၊ သင်တန်းကျောင်းများ၊ ဝန်ထမ်းအိမ်ရာများ၊ စာသင်ကျောင်းများနှင့် ရပ်ကွက်များ၌ ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဝင်းသန်းနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ကျိုက်မရောမြို့နယ် ပြည်သူ့ဆေးရုံကြီး ပရိဝုဏ်အတွင်း၊ ဆေးရုံအဆောက်အဦနှင့် လူနာဆောင်များတွင် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူများက စုပေါင်းသန့်ရှင်းစေရေးဆောင်ရွက်နေမှုများ၊ ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ထားရှိဆောင်ရွက်နေမှုများ၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေနုတ်မြောင်းဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း (စစ်တွေ)ရှိ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ အားပေး
Jun 06,2026
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းက နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း (စစ်တွေ)ရှိ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ အားပေးစကားပြောကြားပြီး ပြည်နယ်လမ်းဦးစီးဌာနပိုင် ယာဉ် ယန္တရားများ၊ တည်ဆောက်ရေးပစ္စည်းများ ထိန်းသိမ်းထားရှိမှုနှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ စစ်တွေမြို့၊ မင်းဂံရပ်ကွက်အတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် ဆောင်ရွက်နေမှုတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက္ခမီမြို့လယ်ဓမ္မာရုံတွင် ပင်လယ်ငါးဖမ်းရေလုပ်သားများအတွက် အခြေခံလုပ်ငန်းကျွမ်းကျင်မှုသင်တန်း ဖွင့်
Jun 06,2026
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့၌ ပင်လယ်ငါးဖမ်းရေလုပ်သားများအတွက်အခြေခံ လုပ်ငန်းကျွမ်းကျင်မှုသင်တန်း(Basic On -Job Skill Training) ၂/၂၀၂၆ဖွင့်ပွဲအခမ်းအနားကို ဇွန် ၆ရက်နံနက် ၉နာရီက မြို့လယ်ဓမ္မာရုံ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
တာချီလိတ်မြို့၌ စက်မှုစီးပွားမြေငှားဂရန် လျှောက်ထားခြင်းနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jun 06,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ စက်မှုဇုန်အတွင်း လုပ်ငန်းဆောင်ရွက်နေသော လုပ်ငန်းရှင်များ စက်မှုစီးပွားမြေငှားဂရန်လျှောက်ထားခြင်းလုပ်ငန်းကို စနစ်တကျဆောင်ရွက်နိုင်ရေးနှင့် လုပ်ငန်းဆိုင်ရာကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့နံနက် (၉)နာရီက ဆေခမ်းရပ်ကွက်ရှိ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တန်းမြို့နယ်၌ လူမှုအကျိုးပြုလုပ်ငန်းအစီအစဉ်ဖြင့် အခမဲ့အင်္ဂလိပ်စာသင်တန်းဖွင့်လှစ်
Jun 06,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ကျောက်တန်းမြို့နယ်၌ မြို့နယ်စီမံခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဦးဆောင်မှုဖြင့် wilmar myanmar ကုမ္ပဏီလီမီတတ် မှပူပေါင်းဖွင့်လှစ်သင်ကြားပေးသည့် အခမဲ့အင်္ဂလိပ်စာသင်တန်းဖွင့်ပွဲ အခမ်းအနားကို အလယ်ပိုင်းရပ်ကွက် E-library ခန်းမ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ်ဝန်ကြီးချုပ် ၂၀၂၆ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားတက်ရောက်၊ စံပြစိုက်ခင်း စိုက်ပျိုးထားရှိမှု ကြည့်ရှုစစ်ဆေး
Jun 06,2026
ကယားပြည်နယ် ၂၀၂၆ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်တက္ကသိုလ်ကျောင်းဝန်းအတွင်း၌ ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော် တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး၌ ဥပဒေအရာရှိများအား ဥပဒေအရာရှိ ကျင့်ဝတ်ဆိုင်ရာတွေ့ဆုံမေးမြန်း
Jun 06,2026
ဥပဒေရေးရာဝန်ကြီးဌာန၏ ပြည်သူ့အတွက်ကြိုးပမ်းဆောင်ရွက်မှုလုပ်ငန်းစဉ်တွင် ပါဝင်သည့် ဥပဒေအရာရှိကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံမေးမြန်းခြင်း အစီအစဉ်ကို ဇွန် ၅ ရက် မွန်းလွဲပိုင်းက မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ ပါမောက္ခဦးလှအောင် ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
103
Page
104
Page
105
Page
106
Current page
107
Page
108
Page
109
Page
110
Page
111
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department