အမြို့မြို့အနယ်နယ်သတင်းများ

May 24,2021
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် စာသင်ကြားမှုများယာယီရပ်ဆိုင်းထား ရှိရာမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းများ ပြန်လည်ဖွင့်လှစ် သွားမည်ဖြစ်ရာ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်  (အရှေ့ပိုင်း)မြို့နယ် အခြေခံ ပညာ ထက်၊လယ်၊မူ ကျောင်းများ တွင် ကျောင်းအပ်နှံခြင်းလုပ်ငန်းများကိုယနေ့နံနက်ပိုင်းမှစ၍ ကျောင်းအပ် လက်ခံ ပေးလျက်ရှိကြောင်းသိရသည်။
May 24,2021
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများတွင် တက်ရောက်မည့် ကျောင်းသူ/ ကျောင်းသားများကို မေလ ၂၄ ရက်နေ့ နံနက် ၉ နာရီ မှ စတင်၍ ကျောင်းအပ်လက်ခံ လျက်ရှိကြောင်း သိရပါ သည်။
May 24,2021
နေပြည်တော် ၊ ဇေယျာသီရိမြို့နယ်ရှိ အခြေခံပညာကျောင်းများကို covid-19 ရောဂါဖြစ်ပွားမှု ကြောင့်  ယာယီပိတ်ထားခဲ့ရာမှ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်း များပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် မေလ ၂၄ ရက်နေ့မှစတင်ကာ covid-19 ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ ကျောင်းအပ်လက်ခံလျက်ရှိကြောင်းသိရသည်။          
May 24,2021
၂၀၂၁-၂၀၂၂ လုပ်ငန်းရာသီအတွက် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်း မြို့နယ်ဧရိယာအတွင်းရှိ ငါးဖမ်း ကွက်များအား (ပထမအကြိမ်) စျေးပြိုင်တင်ဒါစနစ်ဖြင့် ရောင်းချခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမသစ် ၌ ကျင်းပ ပြုလုပ်သည်။
May 24,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ယမန်နေ့ ည ၇ နာရီ အချိန်ခန့်က လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့သည်။
May 24,2021
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် အရှေ့ကျောင်းတိုက် မြို့လုံးကျက်သရေ စေတီတော် တွင် ကိန်း၀ပ် စံမြန်းမည့် နွေ၊မိုး၊ဆောင်း မြဘုရား(၃)ဆူကို မေလ  ၂၄ ရက်နေ့ နံနက် ၇ နာရီက ပုလောမြို့အတွင်း ဒေသစာရီ လှည့်လည် ပူဇော် ခဲ့ကြောင်း သိရသည်။
May 24,2021
ရန်ကုန်တိုင်းဒေသကြီး၊  ခရမ်းမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများ အား ၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေး အတွက်ယနေ့ နံနက်ပိုင်းမှ စတင်ကာ ကျောင်း အပ် လက်ခံခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
May 24,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ အခြေခံပညာအထက်တန်း၌ (၂၀၂၁-၂၀၂၂) ပညာသင်နှစ်အတွက် ကျောင်းသားကျောင်းသူများအား ကျောင်းအပ်နှံမှုကို နံနက်(၉)နာရီတွင် စတင်လက်ခံလျက် ရှိသည်။