အမြို့မြို့အနယ်နယ်သတင်းများ

Oct 29,2020
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါဒီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက ကြံခင်းမြို့ ဧရာဦးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 29,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် (၂၀၂၀)ပြည့်နှစ် နိုဝင်ဘာ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲများသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက်(၉)နာရီက ဈေးပိုင်း ရပ်ကွက်ရှိ ဇာတိမာန်ခန်းမတွင် ကျင်းပခဲ့သည်။
Oct 29,2020
ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာအထူးရဲ သင်တန်း ဆင်းပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က နောင်ချိုမြို့  မြို့နယ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Oct 29,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ ထေရဝါဒဗုဒ္ဓသာသနာပြု သီလရှင် ကျောင်းမှ မြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက်ဖြစ်သော တာလံရပ်ကွက်၊ မြို့မရပ်ကွက်၊ တိုးချဲ့ (၁)ရပ်ကွက်၊ တိုးချဲ့(၂)ရပ်ကွက်များရှိ အခြေခံစားသောက်ကုန်ဖြစ်သော ဆန်၊ ကုလားပဲ၊ ဆား စားသောက်ကုန်(၃)မျိုးကို ယနေ့ နေ့လယ်တွင် သွားရောက် ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
Oct 29,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းတွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အထူးရဲ သင်တန်းဆင်းပွဲကို ယနေ့နံနက်၉နာရီက ငရုတ်ကောင်းမြို့ မူလတန်းကြိုကျောင်းဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
Oct 29,2020
၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံ ရေးတာဝန်ထမ်းဆောင်မည့် ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ရဲတပ်ဖွဲ့အထူး ရဲသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၈ နာရီက စကောလမ်း ရပ်ကွက်ရှိ အ.ထ.က(၁) ကျောင်း၌ပြုလုပ်ခဲ့သည်။
Oct 29,2020
ချင်းပြည်နယ်၊ တီးတိန်မြို့တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲဆိုင်ရာ လုပ်ငန်းစဉ်ညှိနှိုင်း ဆွေးနွေးခြင်းကို ယနေ့ နေ့လယ် ၁၁ နာရီက ခွာဒိုခန်းမ၌ ပြုလုပ်ခဲ့သည်။
Oct 29,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲရုံများတွင် အသုံးပြုမည့် မဲရုံသုံးပစ္စည်းများကို ယမန်နေ့ နံနက်(၉)နာရီက စတင်၍ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းနှင့် စိုက်ပျိုးရေးရုံး တို့တွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။