အမြို့မြို့အနယ်နယ်သတင်းများ

May 24,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ ကျောင်းများတွင် ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် ယနေ့နံနက် ၉ နာရီက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ အားလုံးတွင် ကျောင်းသား၊ ကျောင်းသူများအား စတင်လက်ခံလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များက လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက် ပေးနိုင်ရေး ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
May 24,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူးမြို့သို့မှ ထွက်ရှိသော အင်ဥ (မှိုစေ့) များ ကောလင်းမြို့ စျေးကွက်သို့ စတင်ဝင်ရောက်လျက်ရှိပြီး သဘာဝအင်ဥ(မှိုစေ့) ရှာဖွေ ရောင်းချသူများ ယခင်နှစ်ထက် စျေးကောင်း ရ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
May 24,2021
၂၀၂၁-၂၀၂၂ ပညာသင်နှစ်ကျောင်းအပ်နှံရေးသီတင်းပတ် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် အတွင်းရှိ အခြေခံကျောင်းများတွင် ယနေ့ နံနက် ၉ နာရီမှစတင်၍ ကျောင်းအပ် လက်ခံပေးလျက်ရှိသည်။
May 24,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်ကြားရေးနှစ်တွင် ကျောင်းသူ/ကျောင်းသားများ ပညာသင်ကြားနိုင်ရန်အတွက် ယနေ့နံနက်(၉)နာရီအချိန်မှစတင်၍ ဟိုပန်မြို့နယ်အတွင်းရှိစာသင်ကျောင်းများတွင် ကျောင်းအပ်နှံရေးနေ့အဖြစ် ကျောင်းသူ/ ကျောင်းသားများကို စတင်လက်ခံလျက်ရှိကြောင်း သိရှိရသည်။
May 24,2021
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ၂၀၂၀-၂၀၂၁ ပညာသင်နှစ်၌ ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့် ရရှိစေရန် ယနေ့ နံနက် ၈ နာရီမှ စတင်ကာ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
May 24,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ယမန်နေ့ ည ၆ နာရီ အချိန့်ခန့်က မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပေါ့မိုင်းရပ်ကွက်နှင့် လွိုင်မြေရပ်ကွက်တို့မှ အစိုးရ အဆောက်အဦများနှင့် လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
May 24,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၁-၂၀၂၁ ပညာသင်နှစ် အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ကျောင်းသား/သူများ ပညာသင်ကြားနိုင်ရေးအတွက် ယနေ့နံနက် (၉)နာရီမှ စတင်ကာအခြေခံ ပညာကျောင်းအသီးသီးတွင် ကျောင်းအပ်လက်ခံ ဆောင်ရွက်လျက် ရှိကြောင်းသိရသည် ။
May 24,2021
နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို မေလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် စတင်ဆောင်ရွက်ပေး လျက်ရှိသည်။