Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရွှေပြည်သာမြို့နယ်၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေး
May 14,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း(၅၅၅၆) ဦးရှိရာ အဆိုပါ ပထမအကြိမ် ထိုးနှံပြီးသည့် သူများအား ဒုတိယအကြိမ်အဖြစ် နံနက် ၉နာရီမှ ညနေ ၃ နာရီချိန်ထိ မြို့နယ်တွင်းရှိ ဌာနဆိုင်ရာများ၊ ပြည်သူများအား ထိုးနှံပေးလျက် ရှိသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဖလား မြို့နယ်ပေါင်းစုံ အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ထားဝယ်မြို့၌ ကျင်းပ
May 14,2021
တနင်္သာရီတိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီဖလား၊ မြို့နယ်ပေါင်းစုံ အသက်(၂၁)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၃:၃၀နာရီအချိန်ခန့်က ထားဝယ်မြို့၊ တိုင်းဒေသကြီး အားကစားကွင်း၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့နယ် မြင်းနှစ်ကောင်ကန်နှင့် ကန်ကလေးကန်အတွင်းသို့ ငါးသားပေါက်ကောင်ရေ (၄၀၀၀၀) စိုက်ထည့်
May 14,2021
မုဒုံမြို့နယ် မြင်းနှစ်ကောင်ကန်နှင့် ကန်ကလေးကန်အတွင်းသို့ ငါးသားပေါက်ကောင်ရေ (၄၀၀၀၀) စိုက်ထည့် မုဒုံ မေ ၁၄ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ငါးသယံဇာတပေါများရေးနှင့် ငါးမျိုးများ ပြန့်ပွားစေရန်အတွက် ယနေ့နံနက်(၈)နာရီက မုဒုံမြို့နယ်ရှိ မြင်းနှစ်ကောင်ကန်နှင့်ကန်ကလေး ကန်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ပြုလုပ်သည်။ အဆိုပါအခမ်းအနားသို့ မုဒုံမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်နှင့်အဖွဲ့ဝင်များ၊ အမှတ်(၂) လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာ တပ်ရင်းတပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီးကျော်ဝင်း၊ မော်လမြိုင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဦးလှမင်းဇော်နှင့် ဝန်ထမ်း များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့၊ ရပ်မိရပ်ဖများ တက်ရောက်ကြပြီး မြင်းနှစ်ကောင်ကန်အတွင်းသို့ ငါးမြစ်ချင်း၊ ရွှေဝါငါးကြင်း ငါးသားဖောက် ကောင်ရေ(၂၀၀၀၀)၊ ကန်ကလေးကန်အတွင်းသို့ငါးသားပေါက်ကောင်ရေ(၂၀၀၀၀) စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၄၀၀၀၀)ခန့်အား ငါးမျိုးစိုက်ထည့်ခဲ့ကြသည်။ မော်လမြိုင်ခရိုင်အတွင်း၌ ငါးမျိုးစိုက်ထည့်ရေး စီမံချက်အရမြစ်ချောင်း၊ သဘာဝရေပြင်များ ရှိနေရာ (၁၃) နေရာ၌ ငါးသားပေါက်ကောင်ရေ (၇.၃၅) သိန်းကိုလည်ကောင်း၊ ရေလှောင်ဆည် နှင့် ကန်များရှိနေရာ (၈) နေရာ၌ ငါးသားပေါက်ကောင်ရေ (၂.၆၀) သိန်းကိုလည်ကောင်း မျိုးစိုက်ထည့်ရန်လျာထားပြီး ယခုနှစ်ဧပြီလအကုန်အထိ ငါးသားပေါက်ကောင်ရေ(၂)သိန်းကို မျိုးစိုက်ထည့်ခဲ့ပြီးဖြစ်ကြောင်း မော်လမြိုင်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ သိရှိရသည်။ အောင်မျိုးသူ
အပြည့်အစုံ ဖတ်ရန်
၂၀၂၁ ခုနှစ် မန္တလေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ခရိုင်ပေါင်းစုံအသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲကျင်းပ
May 14,2021
မန္တလေး၊ မေ ၁၄
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့နယ်တွင်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတိုးတတ်အောင်ဆောင် ရွက်နိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ
May 14,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် မြို့နယ် စီမံ အုပ်ချုပ် ရေး အဖွဲ့နှင့် ဌာနဆိုင်ရာများတွေဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတိုးတတ်အောင်ဆောင် ရွက်နိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေ ၁၃ ရက်ကပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်တွင် နွေစပါး ၁၉၂၀၈ ဧက စိုက်ပျိုးထားရှိ
May 14,2021
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ဆည်ရေ၊မြစ်ရေ တင်ရေများဖြင့် ၂၀၂၁ခုနှစ် နွေစပါး ၁၉၂၀၈ ဧက အား ဒီဇင်ဘာလမှစတင်ကာ စိုက်ပျိုးပြီးစီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
အိမ်မဲမြို့နယ်တွင် ကျောင်းသားလူငယ်များ ကျန်းမာကြံ့ခိုင်စေရန် အားကစားနည်း(၅)မျိုး အခမဲ့သင်ကြားပေး
May 14,2021
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ ကျောင်းသားလူငယ်များ ကျန်းမာကြံ့ခိုင်စေရန်အားကစားနည်း(၅)မျိုး အခမဲ့သင်ကြားပေးခြင်း ကို မြို့နယ်အားကစားခန်းမ၌ မေလ ၁၀ ရက်နေ့ကစတင်၍ ဖွင့်လှစ်သင်ကြားပေးခဲ့ရာ ယနေ့အထိ ဆက်လက် သင်ကြာနေကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး
May 14,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများအား မြို့ပြနှင့်ကျေးလက်ကွာဟမှု မရှိစေရေး ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အနီးကပ် ကြီးကြပ်မှုဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဖြင့် ဆောင်ရွက်ခဲ့သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25215
Page
25216
Page
25217
Page
25218
Current page
25219
Page
25220
Page
25221
Page
25222
Page
25223
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department