Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ…
May 14,2021
ကရင်ပြည်နယ် ဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ ထူးချွန်ထက်မြတ် သည့် ရွက်ပုန်းသီးအားကစာသမားကောင်းများပေါ်ထွန်းလာစေရေးနှင့် နေပြည်တော်တွင်ကျင်းပမည့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၁)အောက်အမျိုးသားဘောလုံးပြိုင်ပွဲတွင် ကရင်ပြည်နယ် ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ၂၀၂၁-ခုနှစ် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ဘားအံမြို့၊ အောင်သံလွင်အားကစားကွင်း၌ကျင်းပလျှက်ရှိရာ မေလ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ဗိုလ်လုပွဲစဉ် နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားတို့ကို ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့တွင် အခြေခံကျောင်းများ ဇွန်လ(၁)ရက်နေ့တွင်ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျှက်ရှိ
May 14,2021
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် အခြေခံကျောင်းများ ဇွန်လ(၁)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် ကြိုတင်ပြင်ဆင်မှုများကို မေလအတွင်း ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၇၂)လုံး လေလန်ပျက်စီး
May 14,2021
နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် မေလ ၁၂ ရက်နေ့ ည ၇နာရီခွဲ အချိန်ခန့် က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၇၂)လုံး လေလန်ပျက်စီးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့နယ်၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်
May 14,2021
ကရင်ပြည်နယ် မြဝတီမြို့နယ်၌ အခြေခံပညာကျောင်းများ COVID-19 ရောဂါကာကွယ်ထိန်း ချုပ်ကုသရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွင့်လှစ်နိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက အမှတ်(၄) ရပ်ကွက် အ.ထ.က(၁)ကျောင်းတွင် ဆရာ၊ဆရာမများနှင့်ဝန်ထမ်းများက ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဆီဆိုင်မြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးလျက်ရှိ
May 14,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံ ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် မြကန်သာရပ်ကွက်အတွင်းရှိ အရိယာမဂ္ဂင်မြို့လယ် ဓမ္မာရုံ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဌနှင့်အဖွဲ့ဝင်များ ပြည်ထောင်စုနယ်မြေ၊ တပ်ကုန်းမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်အတွင်းရှိ ဆေးရုံနှင့်အခြေခံပညာကျောင်းများသို့ ကွင်းဆင်းကြည့်ရ…
May 14,2021
နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်ကောင်စီဝင်အဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးဇေယျာလင်းနှင့်ဦးမြင့်စိုးတို့သည် တာဝန်ရှိသူများနှင့် အတူ ယမန်နေ့ နက်ပိုင်းက နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဖြစ်ကြသော အထက(၈)၊ အထက(၄)၊ အထက(၁)၊ အထက(၂)၊ ဗိုလ်မင်းရောင် အထက်တန်း ကျောင်း(ခွဲ)၊တပ်ကုန်းပြည်သူ့ဆေးရုံ(ခုတင်၁၀၀)နှင့် ဇေယျာသီရိမြို့နယ်အတွင်းရှိ ပြည်စံအောင် အထက်တန်းကျောင်း၊ ကျောက်ချက်အထက်တန်းကျောင်းတို့ ပြန်လည်ဖွင့်လှစ် သင်ကြားနိုင်ရေး နှင့် ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့တွင် လေဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်
May 14,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မေလ(၄)ရက်နေ့နှင့်(၁၀)ရက်နေ့က မိုးသက်လေပြင်း တိုက်ခတ်ခဲ့မှုကြောင့် လေဘေးသင့်ခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများ ထောက်ပံ့ပေး အပ်ပွဲကို ယနေ့နံနက်(၉)နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ယင်းမာပင်မြို့တွင် ပြည်ပရောက် မြန်မာရွေ့ပြောင်းအလုပ်သမားများ စိစစ်လက်ခံရေးနှင့် နေရပ်ပြန်လည် ပို့ဆောင်ရေး ကော်မတီဖွဲ့စည်းခြင်းလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်း…
May 14,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင် ပြည်ပရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ စိစစ်လက်ခံရေးနှင့် နေရပ်ပြန်လည် ပို့ဆောင်ရေးကော်မတီ ဖွဲ့စည်းခြင်းလုပ်ငန်း အစည်းအဝေးကို မေ ၁၃ ရက်နေ့နံနက် ၁၀ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25216
Page
25217
Page
25218
Page
25219
Current page
25220
Page
25221
Page
25222
Page
25223
Page
25224
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department