အမြို့မြို့အနယ်နယ်သတင်းများ

Nov 02,2020
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင်ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ရွေးကောက်ပွဲကာလအတွင်း မီးဘေးအန္တရာယ် ဖြစ်ပွား လာပါက အမြန်မီးငြှိမ်းသတ်နိုင်ရေးအတွက် ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုကို ယနေ့ မွန်းလွဲ(၂)နာရီ အချိန်က ဟိုပန်မြို့၊ရုံးကုန်းရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
Nov 02,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲကြီးအတွက် ကြိုတင်ဆန္ဒမဲများပေးလျက်ရှိရာ အသက်(၆၀)နှစ်နှင့် အထက်ဘိုးဘွားများနှင့် မဲရုံတွင် တာဝန်ထမ်းဆောင်ကြမည့်သူများသည် ယနေ့တွင် ကြိုတင်ဆန္ဒမဲပေးခြင်းများကို သက်ဆိုင်ရာ ရပ်/ကျေးရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများ၌ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Nov 02,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုက​ရေစီ အ​ထွေ​ထွေ​ရွေး​​ကောက်ပွဲတွင်မဲရုံမှူးတာဝန်ထမ်း​ ​ဆောင်ရမည့် မဲရုံမှူးများအား ကျန်းမာ​ရေးနှင့် ပတ်သက်​၍ လိုက်နာရမည့် အချက်များအား ရှင်းလင်း​ဆွေး​နွေးပွဲကို ယ​နေ့ နံနက် ၁၀ နာရီက ကျိုက်မ​ရောမြို့ အတ္ထရံ ခန်းမ၌ပြုလုပ်ခဲ့သည်။
Nov 02,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ တပင်ရွှေထီးလမ်းမကြီးတစ်လျှောက် ယုဇနလမ်းဆုံမှမြို့အဝင် ဆိုင်းဘုတ် (ခရိုင်စုပေါင်းရုံးရှေ့)အထိ ညပိုင်းကာလများ၌ ယာဉ်အန္တရာယ် ကင်းရှင်းစေရေး၊ မြို့သာယာရေး၊ မြို့ အင်္ဂါရပ်နှင့် ညီညွတ်ရေး၊ မြို့တွင်း လုံခြုံရေး အထောက်အကူရရှိစေရေး ရည်ရွယ်၍ လမ်းလယ်မီးတိုင်(Double Arm C/W ×2 ×120 W LED) ၆၀ ကို တိုးချဲ့ တပ်ဆင်စိုက်ထူနေကြောင်း သိရသည်။
Nov 02,2020
မွန်ပြည်နယ်၊ ကျိုက်မ​ရော မြို့နယ်အတွင်းရှိ ရပ်ကွက်​ကျေးရွာအုပ်စု ​ကော်မရှင်အဖွဲ့ခွဲ ရုံးများ၊ အ​ခြေခံပညာ​ကျောင်း များ၌ ကြိုတင်ဆန္ဒမဲ​ပေးခြင်း လုပ်ငန်း​ဆောင်ရွက်လျက်ရှိရာ ခရိုင်ကော်မရှင်အဖွဲ့ခွဲမှ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲ​ပေးမှု အ​ခြေအ​နေကို ယ​နေ့ နံနက် ၉ နာရီက ရှင်​စောပု ရပ်ကွက်ရှိမဲရုံ(၂) သို့ကွင်းဆင်း ကြည့်ရှုစစ်​ဆေးခဲ့သည်။
Nov 02,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရာ၌ အသုံးပြုမည့် မဲရုံများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုနှင့် လက်တွေ့သရုပ်ပြသ ဆောင်ရွက်ခြင်းများကို ယနေ့ နံနက် ၉ နာရီအချိန်ခန့်က မြို့ပေါ်ရပ်ကွက်များအတွင်းရှိ မဲရုံများတွင် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် သက်ဆိုင်ရာ ပူးပေါင်း အဖွဲ့တို့မှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
Nov 02,2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့ပေါ်ရှိရပ်ကွက်အလိုက်မဲရုံများနှင့် မဲဆန္ဒနယ်မြေ အမှတ်(၂) အတွင်းရှိ မဲရုံများအား ယမန်နေ့နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးပျို့မောင်နှင့် အဖွဲ့၀င်များ လိုက်ပါလျက် သက်ဆိုင်ရာ မဲရုံအသီးသီးသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Nov 02,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  ဟိုပုံးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲ ပေးရာ၌ အသုံးပြုမည့် မဲရုံများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုနှင့် လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းရှိ မဲရုံအမှတ်(၁)၌ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။