Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဒလမြို့နယ်၌ ရေရှားပါးသော ရပ်ကွက်နှင့်ကျေးရွာများသို့ သောက်သုံးရေများ ပေးဝေလှူဒါန်း
May 06,2021
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ နွေရာသီကာလအတွင်း ရေရှားပါးသော ရပ်ကွက်နှင့်ကျေးရွာများသို့ သောက်သုံးရေများကို မေလ ၅ ရက်နေ့ နံနက်က သောက်သုံးရေများ လာရောက်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ကြီးမြို့တွင် (၇၅)နှစ်မြောက်စိန်ရတုအထိမ်းအမှတ် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပ
May 06,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့တွင် (၇၅)နှစ်မြောက်စိန်ရတုအထိမ်းအမှတ် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ တောင်ကြီး-ဟိုပုံးပြည်ထောင်စုလမ်းမကြီးဘေးရှိ တောင်ကြီးခရိုင် မီးသတ်ခရိုင်ဦးစီးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့မစည်ပင်သာယာဈေးတွင် ယာယီပျံကျဈေးသည်များအား ကိုဗစ် - ၁၉ စည်းကမ်းချက်များနှင့် အညီ ပြန်လည် ဖွင့်လှစ် ရောင်းချခွင့်ပြု
May 06,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့ပြည်သူ့အားကစားကွင်းအတွင်း ဖွင့်လှစ်ရောင်းချနေသည့် ယာယီပျံကျ ဈေးသည်များကို ယမန်နေ့က စတင်ကာ ပွင့်ဖြူမြို့မစည်ပင်သာယာဈေးကြီးအတွင်း ကိုဗစ် - ၁၉ စည်းကမ်း ချက်များနှင့် အညီ ပြန်လည်ဖွင့်လှစ် ရောင်းချခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ်၌ နွေနှမ်း ၇၆၉ ဧကနှင့် နွေစပါး ၉၅ ဧကစိုက်ပျိုးပြီးစီး
May 06,2021
မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်တွင် မန်းချောင်းရေလှောင်တမံ ဆည်နှင့် ရင်းရှည်ဆည်တို့မှ ပို့လွှတ်သောရေတို့ဖြင့် နွေနှမ်းစိုက်ပျိုးရန် ၁၁၅၀ ဧကလျာထားခဲ့ရာ ယနေ့တွင် နွေနှမ်း ၇၆၉ ဧကနှင့် နွေစပါး ၉၅ ဧကစိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း ငဖဲမြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာနရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဦးမြို့၌ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးများ ထိုးနှံပေးခြင်း နှင့် အသက် နှစ်လမှတစ်နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွ…
May 06,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့်အသက်နှစ်လမှတစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးများထိုးနှံတိုက်ကျွေးခြင်းကို မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်း များက ယနေ့ နံနက် ၈ နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနနှင့် မြို့ပေါ်ရပ်ကွက် များဖြစ်သော တောင်ရပ် ရပ်ကွက်၊ ညောင်ပင်ဈေးရပ်ကွက်နှင့် ကျောက်ရာဇ် ကေ ရပ်ကွက်များရှိ သတ်မှတ်ထားသော စုရပ်နေရာများ၌ ကာကွယ် ဆေးထိုးနှံတိုက်ကျွေးပေးလျှက်ရှိကြောင်းသိရ သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဆတ်မြို့၌ မယ်ဆတ်ဆည်လက်ဝဲမြောင်း ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်
May 06,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ လယ်မြေ(၃၆၁)ဧကအား ရေပေးဝေလျက်ရှိသည့် မယ်ဆတ်ဆည်လက်ဝဲမြောင်းနံရံများပျက်စီးနေခြင်းကြောင့် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း
May 06,2021
(၇၅)နှစ်မြောက် စိန်ရတုမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို မြဝတီမြို့နယ် သင်္ဃန်းညီနောင်ကျေးရွာရှိ မြို့ဦးဘုန်ကြီးကျောင်းတွင် ယမန်နေ့ နံနက်(၁၁) နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ "ထ"ကန် သံဘောင်ကွန်ကရစ် တံတား ဆောက် လုပ်နေမှုအား ကွင်းဆင်းစစ်ဆေး
May 06,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာ လှပစေရန် ရည်ရွယ်၍ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ရန်ပုံငွေဖြင့် မင်းလှမြို့ရုံးရပ်မြောက်ပိုင်းရပ်ကွက်ရှိ "ထ"ကန် သံဘောင်ကွန်ကရစ်တံတား ဆောက်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိတို့က ယမန်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25244
Page
25245
Page
25246
Page
25247
Current page
25248
Page
25249
Page
25250
Page
25251
Page
25252
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department