အမြို့မြို့အနယ်နယ်သတင်းများ

May 07,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမြတ်သူသည် ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးအားထူယာနှင့်အတူ မြို့နယ်သန့်ရှင်းသာယာလှပရေးအတွက် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
May 07,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် သံဃာတော်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ အသက်(၁၈)နှစ်အထက်ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက မြိုင်ကြီးငူအထူးဒေသ ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးခဲ့ကြောင်းသိရသည်။
May 07,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ ကျောင်းများ အချိန်မီဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ထားရှိမှုများကို မြို့နယ်တာဝန်ရှိသူများမှ ယမန်နေ့က ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ ကြောင်း သိရသည်။
May 07,2021
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်း ယမန်နေ့ နေလယ် ၂ နာရီခွဲအချိန်မှ စတင်ကာ ညနေ ၄ နာရီ အထိ လေပြင်း တိုက်ခတ်မှုဖြစ်ပွားခဲ့သဖြင့် တွံတေးမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများ၌ လူနေအိမ်များ၊ စာသင်ကျောင်းနှင့် ဝန်ထမ်းအိမ်ယာ များ အမိုးလန်၊ ပြိုကျမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။
May 07,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း လျှပ်စစ်အန္တရာယ်မဖြစ်ပေါ်စေ ရေး၊ လျှပ်စစ်ဓာတ်အား စနစ် ပိုမိုကောင်းမွန် တည်ငြိမ်မှုရှိပြီး ဗို့အားပြည့်ဝစွာ အသုံးပြုနိုင်ရေးနှင့် လျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲလာမှုအပေါ် လုံလုံလောက်လောက် ဖြန့်ဖြူးပေးနိုင်စေရေးအတွက် မြို့နယ်လျှပ်စစ်ဌာနအနေဖြင့် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်း မိုးတွင်းအခါ၌ လျှပ်စစ်ဓာတ်အားလိုင်းကြိုးများအပေါ်
May 07,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အစိုးရသာသနာဓဇ ဓမ္မာစရိယ ဘွဲ့တံဆိပ်တော်ရ သံဃာတော် (၇)ပါးနှင့် သီလရှင်(၁)ပါး အား ယမန်နေ့ နေ့လယ်ပိုင်းက ကန်သာပရိယတ္တိစာသင်တိုက်တွင် သာသနာ ရေးဦးစီးဌာနမှ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်လက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
May 07,2021
ရခိုင်ပြည်နယ် မောင်တောမြို့၌ ရပ်ကွက် ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ အနေဖြင့် လုပ်ငန်းစွမ်း ဆောင် ရည် မြှင့်မားလာစေရန်ရည်ရွယ်၍ ရပ်ကွက် ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများလုပ်ငန်းမွမ်းမံ သင်တန်း ဖွင့်လှစ် ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန အစည်းအဝေးခန်းမ ၌ပြုလုပ်ခဲ့ ကြောင်း သိရသည်။