Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ထန်းတပင်မြို့နယ် ယောက်သဝချောင်းဖြတ် မေတ္တာပေါင်းကူး သံကူကွန်ကရစ် တံတားဖွင့်လှစ်
May 05,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် မဲဘလံကျေးရွာအုပ်စု ညောင်ပင်သာကျေးရွာ တွင် ယောက်သဝချောင်းဖြတ် မေတ္တာပေါင်းကူးသံကူ ကွန်ကရစ်တံတားဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီအချိန်က ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ် ပေါက်ကုန်းကျေးရွာတွင် ဆဌမအကြိမ်မြောက် မြစိမ်းရောင်(ငါးကဏ္ဍ)စီမံကိန်းရန်ပုံငွေ ထုတ်ချေးပေး
May 05,2021
စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ၊ ပွင့်ဖြူမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ ပွင့်ဖြူမြို့နယ် ပေါက်ကုန်းကျေးရွာရှိ ဒေသခံပြည်သူများ မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက် လုပ်ကိုင်နိုင် ရန်နှင့် ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဆဌမအကြိမ်မြောက် မြစိမ်းရောင်(ငါးကဏ္ဍ) စီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးခြင်းကို မေ ၄ ရက် ၊ ယနေ့ နံနက် ၉ နာရီခွဲက အဆိုပါကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပ သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ် သံကိုင်းကျေးရွာတွင် ပန်းခင်းစိမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ပေး
May 05,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ဒေသခံပြည်သူများ လက်ဝယ်ကိုင်ဆောင်ခွင့် ရရှိစေရန် ရည်ရွယ်၍ မေ ၄ ရက် ၊ ယနေ့ နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့နယ် သံကိုင်းကျေးရွာသို့ သွားရောက်ပြီး ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုယ်ဝန်ဆောင်မိခင်နှင့် တစ်နှစ်အောက်ကလေးများအား ကာကွယ်ဆေးထိုးနှံပေးမည်
May 05,2021
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်တစ်နှစ်အောက် ကလေးငယ်များအတွက် ပိုမိုကောင်းမွန်သော အနာဂတ်ရရှိခံစားနိုင်ရေးအတွက် ကူးစက်ရောဂါများ ကာကွယ်နိုင်ရေး ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ မေလပထမပတ်တွင် ပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ပြီး ကာကွယ်ဆေးမထိုးရသေးသော ကိုယ်ဝန်ဆောင်မိခင်များနှင့် တစ်နှစ်အောက်ကလေးငယ်များ နီးစပ်ရာ ကျန်းမာရေးဌာနခွဲများတွင် စုံစမ်းမေးမြန်းနိုင်ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလေးရောဂါအထူးကုဆေးရုံကြီး (နေပြည်တော်) ၂၄ နာရီ ဖွင့်လှစ်ထားရှိ
May 05,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ကလေးရောဂါ အထူးကုဆေးရုံကြီး (နေပြည်တော်)သည် လတ်တလောအရေးပေါ်ရောဂါများဖြစ်သည့် ဝမ်းပျက်၊ဝမ်းလျှော ရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ အတက်ရောဂါ၊ ကျောက်ကပ်နှင့်ဆိုင်သောရောဂါ၊ ထိခိုက်ဒဏ်ရာနှင့် မြွေကိုက်လူနာများစသည့် အရေးပေါ်ရောဂါများကို ကုသစောင့်ရှောက် ပေးနိုင်ရန်အတွက် (၂၄)နာရီ ဖွင့်လှစ်ထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အုတ်တွင်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကျင်းပ
May 05,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာ စီမံကိန်းသုံးသပ် ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကင်းမြို့နယ်၌ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်
May 05,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ မကြာမီ ကျောင်းများပြန်လည်ဖွင့်လှစ်မည်ဖြစ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသောကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်း ချက်များနှင့်အညီ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီခွဲ အချိန်က တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်မြို့ မီးဘေးကာကွယ်ရေးလုပ်ငန်း၌ ပူးပေါင်းဆောင်ရွက်ပေးသော အရန်မီးသတ်စခန်းများနှင့် စွမ်းစွမ်းတမံဆောင်ရွက်ကြသည့် တပ်ဖွဲ့ဝင်များအား စိန်ရတုမီးသတ်တပ်ဖွဲ့နေ့တွ…
May 05,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ မီးဘေးကာကွယ်ရေးလုပ်ငန်းများတွင် မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်ကြသည့် အရန်မီးသတ်စခန်းများနှင့် အရန်မီးသတ်တပ်ရင်းများ၊ စွမ်းစွမ်းတမံ ဆောင်ရွက်ကြသည့် တပ်ဖွဲ့ဝင်များအား မေလ(၅)ရက်နေ့တွင် ကျရောက်သော (၇၅)နှစ်မြောက် စိန်ရတုမီးသတ်တပ်ဖွဲ့နေ့တွင် ဂုဏ်ပြု ဆုတံဆိပ်များနှင့် ဂုဏ်ပြုလက်မှတ်များကို ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25245
Page
25246
Page
25247
Page
25248
Current page
25249
Page
25250
Page
25251
Page
25252
Page
25253
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department