Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကောလင်းမြို့နယ်ရှိ ဘဏ်များပိတ်ထားခြင်းမရှိဘဲ လုပ်ငန်းများပုံမှန် လည်ပတ်ဆောင်ရွက်
Feb 02,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့ရှိ မြန်မာ့စီးပွားရေးဘဏ် ပုဂ္ဂလိက ဘဏ်များနှင့် ဘဏ်လုပ်ငန်းများဆိုင်ရာကိစ္စရပ်များ ယနေ့တွင် ပုံမှန်လည်ပတ် နေကြောင်းနှင့် Wave Money၊ True Money စသည့် ငွေလွှဲငွေထုတ်လုပ်ငန်းများလည်း ပုံမှန် ဆောင်ရွက်နေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လားရှိုးမြို့ ပြန်လည်ထူထောင်ရေးစခန်း၌ အမျိုးသမီးများအတွက် ပြန်လည်ထူထောင်ရေး သင်တန်း ပို့ချမည်
Feb 02,2021
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးစခန်း လားရှိုး၌ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ(၈)ရက်မှ ဧပြီ(၈)ရက်နေ့အထိ မူးယစ်ဆေးဖြတ်ကုသပြီးသူများအတွက် အမျိုးသမီးများ ပြန်လည်ထူထောင်ရေးသင်တန်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
လောက်ကိုင်မြို့နယ်တွင် ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှုအား ကွင်းဆင်းစစ်ဆေး
Feb 02,2021
ရှမ်းပြည်နယ်(မြောက်ပိုင်င်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ရန်လုံကျိုင်းကျေးရွာ ကျေးလက် ကုန်ထုတ်လမ်း (၁/၄)မိုင် ဖောက်လုပ်နေမှုအား လောက်ကိုင်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်မျိုးမှ ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်အလွန်ကာလတွင် ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်လာပါက သနပ်ခါးဈေးကွက် ပိုမိုကောင်းမွန်လာနိုင်
Feb 02,2021
ကိုဗစ်အလွန်ကာလတွင် ခရီးသွားလုပ်ငန်းများ ပြန်လည် ဖွင့်လှစ်လာပါက သနပ်ခါးဈေးကွက် ပိုမိုကောင်းမွန်လာကာ သနပ်ခါး ဈေးနှုန်းများမှာလည်း လက်ရှိရောင်းချနေသည့် ဈေးနှုန်း များထက် တိုးမြှင့်ရရှိလာနိုင်ကြောင်း မြန်မာနိုင်ငံ သနပ်ခါးအသင်းဥက္ကဋ္ဌ ဦးကျော်မိုး က ပြော သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ် မြောက်မုန်းမြောင်းမကြီးတွင် သံကူကွန်ကရစ်တံတား တည်ဆောက်နေမှုလုပ်ငန်း ၉၀ ရာခိုင်နှုန်းခန့်ပြီးစီး
Feb 02,2021
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်ကျောင်းကုန်းကြီးကျေးရွာမှ ဒေသခံ ပြည်သူများ ရာသီ မရွေး အဆင်ပြေစွာ သွားလာ နိုင်ရေး အတွက် ကျေးရွာအနီး ရှိ မြောက်မုန်း မြောင်းမကြီးတွင် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ ခွင့်ပြုရန်ပုံငွေဖြင့် သံကူကွန်ကရစ် တံတားတစ်စင်း အကောင် အထည်ဖော် တည်ဆောက် လျက်ရှိရာ လက်ရှိတွင် လုပ်ငန်းများ ၉၀ ရာခိုင်နှုန်းခန့် တည်ဆောက် ပြီးစီးနေပြီ ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေ အသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရ သည်။
အပြည့်အစုံ ဖတ်ရန်
ပြည်တွင်းပြည်ပခရီးသွားများ လာရောက်လည်ပတ်နိုင်ရန် ဆိပ်ခံဗောသစ်တစ်ခု တည်ဆောက်မည်
Feb 02,2021
ပြည်ထောင်စုတိုင်းရင်းသားကျေးရွာတွင် ကိုဗစ်လွန်ကာလ၌ ပြည်တွင်း၊ ပြည်ပခရီးသွားများ ရန်ကုန် မြစ်ကြောင်းအတိုင်း အပန်းဖြေ လာရောက်လည်ပတ်နိုင်ရန် ဆိပ်ခံ ဗောသစ် တစ်ခုကို ၂၀၂၀-၂၀၂၁ ဘတ်ဂျက်တွင် တည်ဆောက်မည် ဖြစ်ကြောင်း တိုင်းရင်းသားစာပေ နှင့် ယဉ်ကျေးမှု ဦးစီးဌာနမှ သိရ သည်။
အပြည့်အစုံ ဖတ်ရန်
စစ်တွေမြို့နယ်၌ ဒေသထွက် ခဝဲ၊ သခွားသီးနှံများ ထွက်နှုန်းကောင်းခြင်းကြောင့် စီးပွားရေးအဆင်ပြေ
Feb 02,2021
စစ်တွေမြို့နယ် (စစ်တွေ- ပုဏ္ဏား ကျွန်း) ကျားမသောက်ကျေးရွာ ကားလမ်းမပေါ်တွင် ရာသီသီးနှံခဝဲ နှင့် သခွားသီးနှံ များစိုက်ပျိုး အောင်မြင် ဖြစ်ထွန်းသောကြောင့် ဈေးကွက်တွင် အရောင်းသွက်ကာ မိသားစုစားသုံး စရိတ်ဖူလုံလျက်ရှိကြောင်း ရာသီသီးနှံ လုပ်ငန်း စိုက်ပျိုး လုပ်ကိုင်သူ ဦးမောင် ထွန်းလှက ပြောသည်။
အပြည့်အစုံ ဖတ်ရန်
ကျော့ကွင်းမိပြီး ဒဏ်ရာရနေသည့် တောဆင်ရိုင်းတစ်ကောင်ကို ဆေးကုသပေးကာ ပြန်လွှတ်ပေး
Feb 02,2021
တနင်္သာရီတိုင်းဒေသကြီး ပြည်ကြီးမဏ္ဍိုင်မြို့ မနိုးရုံးကျေးရွာအုပ်စု ဘန်ခွမ်း ကျေးရွာ ခဲချောင်းချောင်းအနီးတွင် တောဆင်ရိုင်း(အထီး) အသက် ၄၃ နှစ်ခန့်ရှိ ဆင်၏ရှေ့ညာလက်တွင် ကျော့ကွင်းမိလျက်ရှိကြောင်း သတင်းအရ
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25279
Page
25280
Page
25281
Page
25282
Current page
25283
Page
25284
Page
25285
Page
25286
Page
25287
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department