အမြို့မြို့အနယ်နယ်သတင်းများ

Nov 08,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူလူထုများသည် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၊ မဲရုံစတင်ဖွင့်လှစ်သည့် နံနက်(၆)နာရီအချိန်ကစ၍ ဆန္ဒမဲများ လာရောက်ပေးခဲ့ကြောင်း သိရသည်။
Nov 08,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈) ရက်နေ့တွင် ကျင်းပလျက်ရှိသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ၌ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျောက်တလုံးကြီးမြို့အတွင်းရှိ ရပ်ကွက်(၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၇)စုရှိ မဲရုံ(၃၉) ရုံတွင် ယနေ့ နံနက် (၆)နာရီမှစတင်၍ မဲရုံဖွင့်လှစ်ပြီး သတ်မှတ်သောမဲရုံ အသီးသီး၌ မဲပေးခြင်းကိုပြည်သူများ ကျန်းမာရေး လမ်းညွန်ချက်နှင့်အညီ အေးချမ်းစွာဆန္ဒမဲ လာရောက်ပေးလျက်ရှိကြောင်း သိရသည်။
Nov 08,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ယနေ့နံနက် ၆နာရီအချိန်မှစ၍ လက်ပံတန်းမြို့နယ် အတွင်းရှိ မဲရုံအသီးသီးတွင် ပြည်သူများ တာဝန်ကျေပွန်စွာ မဲပေးလျက်ရှိကြောင်း သိရသည်။
Nov 08,2020
သာပေါင်းမြို့၊ အမှတ်(၃)ရပ်ကွက်၊မဲရုံ အမှတ်(၂)တွင် ယနေ့နံနက် ၆ နာရီအချိန် မဲရုံလုံခြုံရေး ဦးဆန်းဝင်းက မဲရုံဖွင့်လှစ်ကြောင်း ‌ကြေညာပေးပြီး မဲဆန္ဒရှင်ပြည်သူများက ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီစနစ်တကျ ဆန္ဒမဲများ ပေး‌ကြသည်။
Nov 08,2020
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ရပ်ကွက်(၂)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၁)ခုရှိပြီး မဲရုံပေါင်း(၃၇)ရုံတွင် ယနေ့နံနက်ပိုင်းက စတင်၍ ဆန္ဒမဲပေးလျက်ရှိသည်။
Nov 08,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကျင်းပသည့် ယနေ့ နိုဝင်ဘာ ၈ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ် ရပ်ကွက်/ ကျေးရွာအုပ်စု (၅၁)အုပ်စုရှိ မဲရုံပေါင်း (၁၁၇)ရုံကို နံနက် ၆ နာရီတိတိအချိန်က တစ်ပြိုင်နက်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများ မဲလာပေးလျက်ရှိ ကြောင်း သိရသည်။
Nov 08,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများက ယနေ့နံနက် (၆)နာရီတွင် ရပ်ကွက်၊ ကျေးရွာအသီးသီးရှိ သတ်မှတ်မဲရုံများတွင် ပြည်သူများ ဆန္ဒမဲပေးလျှက်ရှိကြောင်း သိရသည်။
Nov 08,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်တွင် နိုဝင်ဘာလ(၈)ရက်နေ့၌ ကျင်းပသည့် ၂၀၂၀-ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မြို့နယ်အတွင်းရှိ မဲရုံများ၌ နံနက်(၆)နာရီမှစတင်၍ ပြည်သူများလာရောက်၍ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။