Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သီပေါမြို့နယ်တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မွေးမြူရေးဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်လှစ်
Jan 29,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးဆိုင်ရာ အသိ ပညာပေးသင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ယမန်နေ့ နံနက်ပိုင်းက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခြင်ပြစ်ကိုင်း မြစိမ်းရောင်စီမံကိန်း ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်…
Jan 29,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ကျေးလက်နေ ပြည်သူများလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာ စီမံကိန်းများ အကောင်အထည်ဖော ဆောင်ရွက်လျက်ရှိရာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၌ မြစိမ်းရောင် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ခြင်ပြစ်ကိုင်းကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း အတိုးရငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းအဖြစ် ကျေးရွာတွင်း ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေး ကော်မတီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်မည့် မြေပြင်အ ခြေအနေအား ယမန်နေ့ နေ့လယ်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာကေတမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင် ထိုးနှံ
Jan 29,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယမန်နေ့ နေ့လယ် ၂ နာရီက ကျန်းမာရေး ဝန်ထမ်းများအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် တည်ဆောက်မည့် ကျောင်းဆောင်သစ်များအား ပန္နက်စိုက်ထူ
Jan 29,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ သဲကျောကြီးကျေးရွာ၊ ရင်းတိုက်ကွင်းကျေးရွာ၊ ညောင်းဝင်းကျေးရွာ နှင့် လက်ပံပင်လေး ကျေးရွာများတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ပညာရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုရန်ပုံငွေဖြင့် တည်ဆောက်မည့် ကျောင်းဆောင်သစ်များ အတွက် ပန္နက်စိုက်ထူ မင်္ဂလာအခမ်းအနားကို ယမန်နေ့က ကျင်းပပြု လုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အသစ်ပြန်လည် ရွေးချယ်နိုင်ရေး အသိပညာပေး ရှင်းလင်း ဆွေးနွေး
Jan 29,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အသစ်ပြန်လည် ရွေးချယ်နိုင်ရေးအတွက် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများရွေးချယ် ရာတွင် လိုက်နာဆောင်ရွက်ရမည့် အစီအစဉ်များ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းများကို ယနေ့နံနက် (၁၀)နာရီ အချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်ကာကွယ်ဆေး ဝယ်ယူရာတွင် ပါဝင်လှူဒါန်းနိုင်ရေး အစည်းအဝေးကျင်းပ
Jan 29,2021
နိုင်ငံတော်က ပြည်သူအားလုံး ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာတွင် အထောက်အကူပြု လှူဒါန်းနိုင်ရေးအတွက် သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့တွင် ယမန်နေ့ နေ့လယ်ပိုင်း အချိန်က မြို့လယ်အန္တရာယ် ကင်းဘုရားတွင် ဌာနဆိုင်ရာများ၊ မြို့မိမြိုဖများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး များ၊ စေတနာ့ဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ စုပေါင်း၍ အစည်းအဝေးကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘောဂလိမြို့ရှိ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာအုပ်စုများတွင် အုပ်ချုပ်ရေးမှူး ရွေးချယ်ရန်အတွက် အဖွဲ့ဝင်(၅)ဦး ပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ဖွဲ့စည်း…
Jan 29,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များ ရွေးချယ်ရန်အတွက် အဖွဲ့ဝင်(၅)ဦး ပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ် ဖွဲ့စည်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဘောဂလိမြို့ ၊ ချောင်းမငယ်ကျေးရွာအုပ်စု ၊ လွန်ဘူး ကျေးရွာ တွင် ဆောင်ရွက် ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်မရောမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အတွက် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြ
Jan 29,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းထိုက် နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကဒါကျေးရွာ၊ တောင်ကလေးကျေးရွာ၊ လှကဇိုင်းကျေးရွာများရှိ စက်သုံးဆီဆိုင် (၄) ဆိုင်အား မီးဘေးအန္တရာယ် လုံခြုံရေးအတွက် အထောက်အကူပြု ပစ္စည်းများ ထားရှိမှုများကို ယနေ့နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးကြပြီး မီးဘေးအန္တရာယ်ကြုံ လာပါက အမြန်ဆုံး မီးငြိမ်းသတ်နိုင်ရန် အရေးပေါ် မီးငြိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25280
Page
25281
Page
25282
Page
25283
Current page
25284
Page
25285
Page
25286
Page
25287
Page
25288
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department