အမြို့မြို့အနယ်နယ်သတင်းများ

Jan 30,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၊ လဝါကျေးရွာတွင် အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) ကျောင်းဆောင် အဆောက်အဦသစ်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေနှင့် အလှူရှင်များမှ လှူဒါန်းငွေတို့ဖြင့် RCC (၂) ထပ် အဆောက်အဦသစ် ဆောက်လုပ်နေကြောင်း သိရှိရသည်။
Jan 30,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်အထက် သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ် တစ်ဦးလျှင်(၁၀၀၀၀)ကျပ်နှုန်းဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ) ပထမသုံးလပတ် အတွက် ငွေကျပ် (၃၀၀၀၀)ကျပ်စီကို ယနေ့နံနက်ပိုင်းမှစ၍ မဲသမူးကျေးရွာ အုပ်စုရှိ သက်ကြီးဘိုးဘွားများထံသို့ အိမ်တိုင် ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Jan 30,2021
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် အုပ်ချုပ်ရေးမှူး ကောင်းများ ရွေးချယ်နိုင်ရန်အတွက် ရပ်ကွက်/ကျေး ရွာအုပ်စု ရပ်မိ/ရပ်ဖများရွေးချယ်ခြင်းကို ယနေ့နံနက်(၉)နာရီက မြို့မ(၃)ရပ်ကွက် ပိန္နဲ တိုက်ရပ်ကွက်ရှိ မွန်ပရိယတ္တိစာသင်တိုက်ကျောင်း ဓမ္မရုံ၌ ပြုလုပ်သည်။
Jan 30,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် အုပ်ချုပ်ရေးမှူးများ စိစစ်ရွေးချယ်ရန်အတွက် ကြီးကြပ်ရေးမှူးရွေးချယ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့် က သံဖြူဇရပ်မြို့နယ် ဆင်တောင်ကျေးရွာ ကဒါတ်ထောက်(ဓမ္မာရုံ)တွင် ပြုလုပ်သည်။
Jan 30,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့ တိုက်နယ်ဆေးရုံ၌ ပြည်နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန တီဘီရောဂါတိုက်ဖျက်ရေး (Mobile Team) အဖွဲ့နှင့် လင်းခေးမြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ကုသရေးအဖွဲ့တို့သည် တီဘီရောဂါ ရှာဖွေစမ်းသပ်ကုသမှုနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က အခမဲ့ကွင်းဆင်း ဆေးကုသပေးခဲ့ကြောင်း သိရသည်။
Jan 30,2021
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မိတ္ထီလာ-တောင်ကြီး ကားလမ်း ကျွဲတပ်ဆုံ ကျေးရွာအုပ်စုတွင် ဖွင့်လှစ်ထားသော ကိုဗစ် - ၁၉ စစ်ဆေးရေးစခန်းတွင် ကုန်တင် ယာဉ်များမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို Rapid Test Kit ဖြင့် စစ်ဆေးလျက်ရှိရာ ဇန်နဝါရီ ၂၉ ရက် တောင်ပေါ်သို့ သွားရောက်မည့် ယာဉ်များမှ ယာဉ်မောင်းနှစ်ဦးတွင် ကိုဗစ်-၁၉ ပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
Jan 30,2021
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း မြို့နယ် ်လျှပ်စစ်အင်ဂျင် နီယာရုံးမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာနှင့်ထိစပ်သူ ၁၂ ဦးအား ဇန်နဝါရီ ၂၉ ရက်နေ့က မြို့နယ် ပြည်သူ့ဆေးရုံ ကြီး၌ (RDT) Test Kit ဖြင့်စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၃ ဦး ထပ်တိုးတွေ့ရှိခဲ့ပြီး ရေနံချောင်း မြို့နယ်အတွင်း စုစုပေါင်း ပိုးတွေ့အတည်ပြုလူနာ ၁၅၈ ဦးအထိရှိလာကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။
Jan 30,2021
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဂန့်ဂေါခရိုင် ကျောက်ထုမြို့ မြို့မရပ်ကွက် နယ်မြေ ကွင်းအမှတ် ၉၈ တွင် လယ်မြေများ ရေတိုက်စားခြင်းမှကာကွယ်ရန် မြေထိန်းရေကာနံရံ ဆောက်လုပ်ထားသည်။